အခန်း - ၁

Start from the beginning
                                    

" အမလေးနော် အရီးလှတို့များ ဘယ်လောက်ပဲဆူဆူငေါက်ငေါက် သားလေးကမေမေဆိုတာနဲ့အဟင်း "

သားအမိနှစ်ယောက်အားကြည့်ကာ မေသော်တာ သဘောမနောခွေ့ကာ ပြောလိုက်ချင်းဖြစ်ပေသည်။

ပစ်တိုင်းထောင်းကလည်းသဘောတွေကျကာ တဟိဟိနှင့် အာပုတ်ရည်တန်းလန်းတန်းလန်းနှင့် သူ၏သွားသုံးဆယ့်နှစ်ချောင်းအား ဖြဲပြလေတော့  ဒေါ်လှရီခမျာအရှက်မကွဲခင် မျက်နှာသစ်သွားတိုက်အိမ်နောက်ဖေးသို့ တွန်းပို့ရတော့သည်။

" ဒီလိုပဲ သမီးရေသမီးတကောင်ဖို့တစ်ထောင်မဟုတ်ဘူး သား‌တကောင်ဖို့တစ်ထောင်ဖြစ်နေပြီတော်ရေ "

" သွားအုံးမယ်အရီးလေးရေ အိမ်ကမောင်တော်ကြာနေရင် စိတ်လက်တဆစ်နဲ့ ထိပ်တုံးစာမိနေမှာစိုးလို့ တော့် "

" အေး အေးသွားသွား နှုတ်ဆက်တယ်လို့ပြောပေးအုံး တော့ "

" ဟုတ်ကဲ့ "

သော်တာလည်းသွားလေပြီ။ဒေါ်လှရီလည်း နောက်ဖေးသွားကာ ချက်ဖို့ပြုတ်ဖို့ပြင်ဆင်ရတော့သည်။

" မေမေ......လို့ "

မျက်နှာသစ်ပြီးအိမ်ပေါ်တက်လာသော သားတော်မောင်ကြောင့်ဒေါ်လှရီ ဟင်းအိုးအားရေထည့်အဖုံးဖုံးပြီးအိမ်ပေါ်တက်လာလေသည်။

" ဘာလဲ ပြော "

" ဖီဖီ လေ မုန့်မုန့်ကောပဲ "

ကော်ဖီမဖျော်ချင်သောကြောင့်
အရွယ်နှင့်မလိုက်ချွဲနေသော ပစ်တိုင်းထောင်အား ဒေါ်လှရီပြုံးလျက် ။သို့သော်ငြား အသက်ကားမငယ်တော့ပီမို့  ကိုယ့်အားကိုယ်ကိုးကာ လုပ်ကိုင်တတ်အောင်သင်ပေးရမှာ မိဘတာဝန်မို့လေပြေနှင့်ပြောရန်ဆုံးဖြတ်လိုက်သည်

" သားရယ်ကိုယ့်ဘာသာဖျော်ပါ့လား ...အရွယ်ကဖြင့်ကြီးနေပြီ "

" မေကလည်းသားဖျော်ရင် သကြားနဲ့ဆားမှားထည့်တာနဲ နို့ဆီအထည့်များသွားတာနဲ့  ရေထည့်တာများသွားတာနဲ့ .......အိုမကောင်းတာကတော့မကောင်းတာပါဘဲ ....နော် "

မဖျော်ချင်သောကြောင့်  ပေါက်ကရလေးဆယ်ပြောရင်း။
မိမိလက်မောင်းအားလှမ်းချိတ်ကာ နှုတ်ခမ်း‌တထော်ထော်နှင့်ပြောနေသောကြောင့်.....

သူကြီးကတော်(BL)Where stories live. Discover now