Extra -1

17.7K 1.6K 45
                                    

Unicode

" အင့် ! "

" ကိုဘုန်း ကိုဘုန်း အရက်တွေ သောက်လာတာလား ? "

ဟုတ်ပါသည်။ဘုန်းမြတ် ဒီနေ့မဆိုစလောက်ကလေး သောက်ထားမိသည်။ အဲ့တာကလည်း ဟိုကောင် သူရကြောင့်ပင်။ မင်္ဂလာဦးညမို့ ရဲဆေးတင်ရန်လိုအပ်သည်တဲ့လေ။

အခုတော့ ရီဝေဝေလေးကို ကလေး၏အသံတချက်နဲ့တင် အမူးပြေချင်လာသည်။

" ကို ကို ဘုန်း နည်းနည်းလေးပဲသောက်ထားတာပါ နည်းနည်းလေးဆိုမှ တကယ့်ကို နည်းနည်းလေး "

လက်ညှိုးနှင့်လက်မအားဖိလျက် ကလေးငယ်သဖွယ် လုပ်ပြနေသောကိုဘုန်းအား ပစ်တိုင်းထောင်ကြည့်ရင်းရယ်ချင်လာသည်။

" အင်းပါ အင်းအင်း ဒီနေ့မို့လို ခွင့်လွှတ်ပေးလိုက်မယ်။နောက်တခါဆိုမရတော့ဘူးနော် "

" ကောင်းပါပြီဗျာ။ "

" လာ အဝတ်လဲရအောင် ညနေကတည်းကအင်္ကျီမဟုတ်လား ကိုဘုန်းကတအားညစ်ပတ်တာပဲ။ "

အင်္ကျီချွတ်ရင်း ပွစိပွစိလုပ်နေသော ပစ်တိုင်းထောင်အား  ကိုဘုန်းကလာလာကလိလေသည်။

" ညစ်ပတ်ကြီးကို မချစ်ဘူးလား။ "

ပစ်တိုင်းထောင်ပထမဆုံး အင်္ကျီကြယ်သီးချွတ်ရင်း။

" ကိုဘုန်းကတော့နော် သိသိကြီးနဲ့မေးနေပြန်ပြီ "

" ကိုယ်ကြားချင်လို့ပါကွာ "

ပသ်တိုင်းထောင်မေးစေ့လေးအားလာကိုင်ရင်းမေးသောကြောင့် ပစ်တိုင်းထောင်မှာမမူနိုင်တော့ပါချေ။

" ချစ်တယ်လို့ ဟုတ်ပြီလား ချစ်တယ်။ "

" စိတ်မပါတဲ့လေသံနဲ့မပြောနဲ့လေ။ "

ကိုဘုန်းက ရစ်တတ်လို့လား ? ခုမှဘာလို့လာလာပြီးရစ်နေတာတုံး။ထားပါလေ ငါကပဲအ‌ေလျှာ့ပေးလိုက်ပါ့မယ်။ဝဋ်လည်တာပဲနေမှာ။

" ချစ်တယ် ချစ်တယ် အများကြီးချစ်တယ် ဟုတ်ပြီလား လာကိုယ်လက်သန့်စင်ပြီး အိပ်ရအောင် ကိုဘုန်းရ ကလေးအိပ်ငိုက်နေပြီ။ ဝှားးးးးး "

အင်္ကျီချွတ်ပေးရင်း ‌အိပ်ငိုက်ပြီဟုပြောလာသော ကလေးအား ကြည့်ရင်းမျက်နှာပေါ်‌၌ အဓိပ္ပာယ်ဖော်၍မရသော အပြုံးတစ်ခုဖျက်ပြေးသွားသည်။

သူကြီးကတော်(BL)Where stories live. Discover now