Epi 5❄️Uni+Zaw

Start from the beginning
                                    

'ဟင် .... ည တိုင်း လား ....

'ဘာဖြစ်လို့ လဲ ပြော ပြော ... မအိပ်ရရင် တော်ပြီ ဒီ ညလည်း လာမအိပ် တော့ဘူး .... ဟွန့်

ကဲကြည့် လူလည် လေး .... တစ်ခု ပြောရင် နောက်တစ်ခု ကို ရအောင် ယူတတ်တယ်
အမှန်တော့ သူက ဘေး နားမှာ တစ်ယောက် ရှိရင် သိပ် အိပ်မပျော်တတ် ...
ညီ လာအိပ်တိုင်း လည်း ညီ က ပူးပူးကပ်ကပ် နေတော့ သူ့မှာ အဲကွန်းခန်းထဲ ချွေးတွေ ပြန်ရင်း မိုးလင်း

'ကဲ လာအိပ်တော်မူ ... ဟုတ်ပလား လှည့်တော့ ဒီဘက်ကို ရေခဲ တွေ အရေပျော်ကုန်တော့မယ်
အရှိုးရာတွေ မပျောက်ပဲ ကျောင်းသွားချင်လို့ လား ...

ဆိုတော့မှ ပွစိပွစိ နဲ့ ပြန်မှောက်ပေးတယ်
ဒီ နှစ်ရက် အတွင်း ပျောက် မှ monday ကျောင်းပြန် သွားရင် အဆင်ပြေမှာလေ
မဟုတ်ရင် ခလေးတွေ ကို သင်တဲ့ ဆရာက အိမ်မှာ အရိုက်ခံထားရလို့ အရှိုးရာတွေနဲ့ ထိုင်မရ ထမရ ဆို လူကြားမကောင်းဘူး

ရေခဲတုံးလေးတွေ နဲ့ ပွတ်ပေးနေတော့လည်း အမလေး ဒင်းက ဇိမ်ခံနေသေးတာ

'ရပြီ ထတော့ ... ဒီမှာ အရေပျော်ကုန်ပြီ ...

'ကုန်းပိုး.... ဖင် နာ နေတော့ ထ မရတော့ဘူး ....

အမလေး ချွဲစိန်ကောင်

' ဟျောင့် ... ခြေဖဝါး ရိုက်ခံ ရတာလည်း မဟုတ်ပဲနဲ့

'မသိဘူး .... ကုန်းပိုး ကိုကို ရာ

'ကဲ ထ ဟေ့ လာ ကျောပေါ် တက် ...

'အင့်.... ဟာ .... ဟျောင့် ....ညီ ....

'အာ ကိုကို ဟင့် ... သွားတော့ ညီ အိမ်သာ ခန ဝင်ပြီး လိုက်လာခဲ့မယ် ...

မသိချင်ယောင်ပဲ ဆောင်ပေး လိုက်ရသည် .... ရှက်နေတာ ပါးနှစ်ဖက်လုံး ကို ရဲနေတာ ပဲ ..
အိမ်း.....
..
ရဲရဲရေ နင်တော်တော်ဖြစ်🙈
Ca Ca အမှောင် သိပ်မရေးတတ်လို့ အ့လောက်ဆို သဘောပေါက် လိုက်ကြတော့နော် 😅
...

အိပ်ချင်ယောင်ဆောင်နေသော သူကို နိုးရခက်တယ်တဲ့ ...
တကယ်ဆို သူ့ဘက်က ကိုကို့ကို စည်းဖောက်ခဲ့တာ များပြီ
ကိုကို ရင်အုပ်ကျယ်ကြီး ထဲမှာ အိပ်ချင်ယောင်ဆောင်ပြီး ဝင်တိုးခဲ့တာတွေ ...
ကိုကို ဂရုစိုက် မှုကို လိုချင်လို့ လိုတာထက် ပိုပြီး ဂျစ်တိုက် ခဲ့တာတွေ ...
စစ်ရေးလေ့ကျင့်မှုတွေ အမြဲလုပ်နေရတဲ့ လူဆိုတော့ ခန္ဓာကိုယ် က ကျစ်လျစ်တောင့်တင်းပြီး သူ့မှာ ကိုကို့ ရင်ခွင်ထဲ ရောက်ရင် အမြဲတမ်း အသက်ရှု မှားရတယ်
ကိုကို က သူ့ ဘဝကြီး ဖြစ်နေပြီ
ကိုကို မရှိတဲ့ ရက်တွေဆို တခုခု လို နေသလို ကိုကို မကြိုက်တဲ့ ဆေးလိပ် ကို အဖော်ပြုရင်း တောင်တွေး မြောက်တွေး ...တစ်ယောက်တည်းနေရတော့ စိတ်ဂယောက် ဂယက် နဲ့ ငိုချင် ငို ရယ်ချင်ရယ်
ကိုကို့ရဲ့ ဂရုစိုက် မှုတွေက သူ့အတွက် လုံလောက်တာထက် ပိုတယ် အတူမနေပေး နိုင်တာကလွဲလို့ ဒါကလည်း သူ့ကြောင့်
ကိုကို သာ မရှိရင် ဆိုတာကို တွေးလိုက်မိတာနဲ့ မျက်ရည်တွေက သူ့အလိုလို
သူကတော့ ကိုကို နဲ့ပဲ တစ်သက်လုံးနေချင်တာလေ ကိုကို ကရော ကိုကိုက မိန်းမ ယူပြီး မိသားစု တွေ ရှိလာရင်.... ဟင့်အင်း ဟင့်အင်း .....

Sweet December ❄️Where stories live. Discover now