Chapter - 23

5.7K 511 19
                                    


Chapter - 23
.
.
.
.
.
မနက်ခင်းအိပ်ရာထစ ပုံမှန်နိုးထချိန်မှာပဲ မျက်လုံးလေးပွင့်လာခဲ့ပေမယ့် ရိပေါ်ဟာ အိပ်ရာကနေတော့ မထနိုင်ခဲ့သေးပါဘူး ။ အကြောင်းရင်းက ရိပေါ် ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ တင်းနေအောင် ထွေးဖက်ပေးထားတဲ့ ရှောင်းကျန့်ကြောင့်တဲ့ ။ ရှောင်းကျန့်ရင်ခွင်ထဲ လုံးထွေးကာ ရောက်နေတဲ့ အဝတ်ဗလာနဲ့ ရိပေါ် ခန္ဓာကိုယ်လေးက နီထွေးနေတယ်လေ ။ မျက်နှာရဲရဲနဲ့ ရိပေါ်လေးက ရှောင်းကျန့် ရင်ခွင်ထဲက ဖယ်ခွာထသွားဖို့ တွေးထားပုံမပေါ်ဘူး ။ တောင့်တင်းတင်း လက်မောင်းကို ခေါင်းဦးထားတဲ့ ရိပေါ်က နွေးထွေးလွန်းတဲ့ ရင်ဘက်ကြီးထဲ ခေါင်းလေးတိုးဝင်ထားဖို့ မမေ့သလို ဖြူနုပြည့်ဖောင်းနေတဲ့ လက်သွယ်သွယ်လေးက ရှောင်းကျန့်ရဲ့ ရင်ဘက်တစ်လျှောက် ထိတွေ့ကိုင်တွယ်ရင်း ညကအဖြစ်ကို ပြန်တွေးဖို့လည်း သတိရနေပါသေးတယ်တဲ့ ။

ပြောရမယ်ဆိုရင် ညက ဒီလောက်အထိဖြစ်ဖို့ တွေးမထားမိတဲ့ ရိပေါ်က ရှောင်းကျန့်သာ တစ်ကယ်လို့ သူ့စကားအတိုင်း သူ့ကိုထားပြီး မိန်းမ ကိစ္စအတွက် အပြင်ထွက်သွားခဲ့မယ်ဆိုရင် ရိပေါ်ပိုင်ဆိုင်သမျှ အချို့တစ်ဝက်ကို ရှောင်းကျန့်ကို ခွဲဝေပေးပြီး လမ်းခွဲလိုက်ဖို့အထိ တွေးထားခဲ့တယ် ။အဖြေက ရိုးရှင်းပါတယ် သိပ်ချစ်မိသွားလို့ ကြာရင် သံယောဇဉ်တွေ ပိုတိုးလာမှာကြောက်ကာ အချိန်အကြာကြီး ဆွဲထားမိမှာဆိုးလို့ ။ အဲ့ချိန်ကြမှ လမ်းခွဲရရင် ရိပေါ် ပိုခံစားလာရမှာကြောက်ခဲ့တယ် ။ ဒါကြောင့်......။

ပြီးတော့ ညက ရှောင်းကျန့် သူ့ကိုကြည့်ကာ ပြောလာတဲ့ စကားတွေ ပြုလုပ်လာတဲ့ အပြုအမူတွေကြည့် ။ ကိုယ်ချစ်တဲ့လူရဲ့ ပြင်းရှရှ တောင်းဆိုသံကိုကြားရင် ဘယ်သူမဆို ဘဝကြီးကို ပုံပေးမိမှာပဲ ။ ဒါကြောင့် သူ့ကိုထားပြီး sex ကိစ္စအတွက် အပြင်ထွက်မသွားတဲ့ ရှောင်းကျန့်ကို ၊ သူ့ကို တန်ဖိုးထားပါတယ်ဆိုပြီး သူ့သဘော ဆန္ဒမပါပဲ သူ့ခန္ဓာကိုယ်ကို မထိမတွေ့ ရှောင်းကျန့်ကို၊  သူ့နဲ့ ပတ်သက်ပြီးသွားပြီ ဆိုကတည်းက သူ့သဘော သူ့ဆန္ဒအရ အနေတည်ပြီး သူ့သဘောကျ နေပေးခဲ့တဲ့ ရှောင်းကျန့်ကို သူ အသိအမှတ်ပြုသင့်တယ်မလား ။ ဒါကြောင့် ရှောင်းကျန့် လိုအပ်နေတဲ့ အရာအတွက် ရိပေါ်ကိုသာ လိုအပ်တယ်လို့ ဖွင့်ပြောလာတဲ့ ရှောင်းကျန့်ကို ရိပေါ် ခွင့်ပြု လိုက်လျောပေးခဲ့တာ ရိပေါ်မှားတယ်လို့ ရိပေါ်တွေးမထားမိတော့ဘူး ။ ဖြစ်သမျှ အကောင်းပဲတွေးတော့မယ် ။ သူရှောင်းကျန့်ကို ချစ်တယ် ။ ရှောင်းမေကို ရိပေါ် မုန်းနေတယ်ဆိုရင်တောင် ရှောင်းမေသား ရှောင်းကျန့်ကို ရိပေါ် သိပ်ချစ်နေခဲ့တယ် ။ ဒါကြောင့် ရှောင်းကျန့် သူ့နားမှာ ရှိနေတဲ့ အချန်အထိ သူ ရှောင်းကျန့်နဲ့ အတူ ပျော်ရွှင်စွာ နေသွားမယ်လို့ ရိပေါ်တွေးထားလိုက်တော့တယ် ။ အကယ်လို့ ရှောင်းကျန့်က သူ့ရဲ့ အမွေတွေကိုလိုချင်လို့ မဟုတ်ပဲ ရိပေါ်ကို တစ်ကယ်သဘောကျလို့ ရယူခဲ့တယ်ဆိုရင် ရိပေါ် ရှောင်းကျန့်နဲ့ ရိုမြေကျ အတူနေသွားဖို့ စိတ်ဆန္ဒရှိပြီး ရှောင်းကျန့်သာ ရိပေါ်နားက ရယူပိုင်ဆိုင်မှုတွေ လုယူပြီး ပြန်ထွက်သွားခဲ့ရင်တောင် ရိပေါ်အတွက်တော့ ကံတရားကိုသာ အပြစ်ပုံချယုံပေါ့။

အမုန်းတရားကိုကျော်လွန်၍  💜 ( Completed )Where stories live. Discover now