Gun POV:
ကျွန်တော်လန့်သွားပါတယ်။သူကတစ်ကယ်ကြီး ကားနဲ့တိုက်သွားပါတယ်။ကျွန်တော်လည်း လမ်းရှင်းသွားပြီမို့ Pawကို ဆေးရုံအမြန်ပို့ခဲ့ပါတယ်။

ကျွန်တော်လည်းလောနေတာမို့။ဆေးရုံရဲ့အရှေ့မှာ ရပ်ထားတဲ့ကားကို ၀င်တိုက်မိသွားတယ်။ဘယ်ထင်မလဲ ကျွန်တော့်တိုက်မိတဲ့ကားက ခုနကအလယ်ကကားဆိုတာ။

OFF:ဘယ်လိုလုပ်လိုက်တာလဲ။ကားကြီးတစ်ခုလုံ‌းတောင်မမြင်ဘူးလား။

Gun:sorryပါဗျ။ကျွန်တော်လည်းPawကို‌စိုးရိမ်နေလို့ပါ။

Gun POV:
ကျွန်တော်ဆေးရုံထဲ၀င်မလို့ရှိသေး သူကကျွန်တော့်လက်တစ်ဖက်ကို လှမ်းဆွဲလိုက်တယ်။ကျွန်တော်လည်းလန့်သွားတယ်။သူမျက်နှာက ကျွန်တော့်မျက်နှာနားကပ်ပြီး

OFF:မင်းကလျော်ကြေးမပေးဘဲ ပြေးမလို့လား။

Gun POV:
ကျွန်တော်အဲ့မျက်နှာကို မြင်ဖူးနေတယ်။Papiများလား။

Tay:Gunဒီလိုလုပ်မင်းသူ့ကိုလျော်ကြေးပေးလိုက်ငါPawကို ဆေးရုံထဲ ခေါ်သွားလိုက်မယ်။

Gun:ကျေးဇူးပဲ P'tay။

ကျွန်တော်လည်း လျော်ကြေးပေးမလို့ အိတ်ကိုဖွင့်ကြည့်လိုက်တော့ Pawရဲ့ဆေးဖိုးအပြင် ပိုက်ဆံကပါမလာဘူး။

Gun:Phiဒီလိုလုပ်။ကျွန်တော်ပိုက်ဆံပါမလာလို့။ဖုန်းနံပါတ်ပေးခဲ့မယ်ရလား။

OFF:မင်းကိုငါကဘယ်လိုလုပ်ယုံရမှာလဲ။
နောက်ပြီးဖုန်းနံပါတ်ကအတုဆိုရင်ရော။
မင်းအိမ်လိပ်စာပေးငါနောက်ရက်လာယူမယ်။

Gun:ရတယ်။Phiဒီမှာ‌ကျွန်တော့် အိမ်လိပ်စာ။

Gun POV:
ခုနကကျွန်တော့်ခေါင်းထဲ၀င်လာတဲ့အတွေးကို သူ့ကိုမေးလိုက်တယ်။ကျွန်တော်P'offလို့ပဲ ခေါ်လိုက်ပါတယ်။Papiလို့ခေါ်ရင်မကောင်းလို့ နောက်ပြီးလူတွေလဲရှိနေလို့။

Gun:Phiက P'off P'off ဟုတ်တယ်မလားဟင်။

OFF POV:
သူကကျွန်တော့နာမည်အရင်းကိုဘယ်လိုလုပ်သိနေတာပါလိမ့်။သူကGun များလား။
ကျွန်တော်မဖြေချင်လို့ စကားလမ်းကြောင်းလွှဲလိုက်တယ်။

OFF:မင်းအိမ်ငါမနက်ဖြန်လာခဲ့မယ်။ငါသွားပြီ။

Gun POV:
ကျွန်တော်လည်းသူကျွန်တော်မေးတဲ့မေးခွန်းကိုမဖြေလို့ သူ့အကျီကို လှမ်းဆွဲလိုက်တယ်။သူ့ကိုလှမ်းဆွဲလိုက်တော့ အရှိန်လွန်ပြီး သူ့တစ်ကိုယ်လုံးကျွန်တော့်ပေါ် ပြုတ်ကျသွားတယ်။နောက်ပြီး ကျွန်တော်တို့ အကြည့်ချင်းဆုံသွားကြတယ်။

Gun:Phiဘာလုပ်တာလဲ။

OFF:ငါ့ကိုလာဆွဲတာကမင်းနော်။အဲ့ဒါငါမေးရမှာမဟုတ်ဘူးလား။

Gun:ကျွန်တော်တောင်းပန်တယ်။အခုကျွန်တော့်အပေါ်ကနေ ထပေးလို့ရမလား။ဟိုမှာလူတွေကြည့်နေတယ်။

OFF POV:
ကျွန်တော်သိပါတယ်။သူကျွန်တော့်ကို အဲ့မေးခွန်‌းမေးချင်လို့ လှမ်းဆွဲလိုက်တယ်ဆိုတာ။ဒါမဲ့ကျွန်တော်မသိချင်‌ယောင်ဆောင်ပြီးသူ့ရှေ့ကနေ ထွက်လာခဲ့တယ်။

Gun POV:
ကျွန်တော်သူမဖြေလည်းသိတယ်။သူကP'offဆိုတာ။ကျွန်တော်လည်း မမေးတော့ဘဲ ကျွန်တော့်အဖေဆီပဲလိုက်သွားလိုက်တော့တယ်။

Tay:. ကြာလိုက်တာGunရာ။လျော်ကြေးလေးပေးတာကို။

Gun:လျော်ကြေးလည်းမပေးခဲ့ရပါဘူး။ကျွန်တော်ပိုက်ဆံပါမလာလို့။မနက်ဖြန်မှ သူလာတောင်းမယ်တဲ့။

Tay:အေး။ငါအလုပ်သွားတော့မယ်။ငါမင်းကို‌နောက်ကျမယ်လို့ပြောပေးထားမယ်နော်။

Gun:ကျေးဇူးပဲP'tayရေ။

Tay:အေးအဲ့ဒါဆိုငါသွားပြီ။

Gun POV:
သူကကျွန်တော်ငယ်ငယ်ထဲက အကိုလိုစောင့်ရှောက်ပေးတတ်တဲ့သူပါ။ဒါမဲ့သူ့ထက်ပိုတဲ့ သူတစ်ယောက်ရှိသေးတယ်။သူ့နာမည်
P'offပါ။ကျွန်တော်ကတော့Papiလို့ပဲခေါ်တယ်။ဒါမဲ့သူက ကျွန်တော်7တန်းလောက်တုန်းက ပျောက်သွားခဲ့တာပါ။ဒါမဲ့ ဒီနေ့တွေ့တဲ့သူကို P'offလို့ပဲ ကျွန်တော်စိတ်ထဲက တတွတ်တွတ်ပြောနေတယ်။

ကဲဒါကတော့အပိုင်း1ပါနော်။
🌹Heart of stone🌹ဆိုတဲ့ဇာတ်ကားကို
၊bl verနဲ့ဘာသာပြန်ရေးထားတာပါနော်။©️®️ to heart of stone drama..
အပိုင်း2လည်းလာပါဦးမယ်နော်။

Heart Of Stone(My Heart Is Yours)Where stories live. Discover now