9

1.2K 127 0
                                    

Jinဆေးရုံကဆင်းကာအိမ်မှာပင်နေနေတယ်။သို့ပေမယ့်Yoongiကိုတော့ရှောင်နေမိသည်။ကုမ္ပဏီကိုတော့Hopeနှင့်ခဏလွှဲထားလိုက်သည်။အခုလည်းဧည်းခန်းထဲမှာစာဖတ်နေတုန်းအပြင်ကတံခါးခေါက်သံကြောင့်အားယူထကာတံခါးသွားဖွင့်သည်။ချုပ်ရိုးမပြေအောင်ဂရုစိုက်ရတယ်လေ။

တံခါးဖွင့်တော့Yoongiနှင့်အတူကောင်မလေးတစ်ယောက်အတူတူတွေ့တာကြောင့်Jinမျက်နှာသိသိသာသာပျက်သွားသည်။Yoongiလည်းသတိထားမိလိုက်သည်။ဒါပေမယ့်မသိချင်ယောင်ဆောင်ကာအိမ်ထဲကိုထိုကောင်မလေးအားလက်ဆွဲရင်းဝင်လာခဲ့သည်။

"အော်....Hyungမိတ်ဆက်ပေးမယ်။ဒါကျနော့်ချစ်သူTweတဲ့"

Jinစိတ်တိုနေတာကြောင့်ဘာစကားမှမပြောဘဲအတန်ကြာစိုက်ကြည့်နေရာကTweဆိုတဲ့ကောင်မလေးရှေ့လျှာက်သွားပြီး

"ကိုယ်ကGigiယောက်ကျားပါ။"

Yoongiမျက်နှာကတုန်လှုပ်နေပေမယ့်Jinကတော့မျက်နှာထက်မှာမဲ့ပြူုးတစ်ခုဆင်မြန်းလျက်။ကောင်မလေးကတော့ရီကာ

"Haha....ရှင်ကနောက်တတ်တာပဲ"

"ငါနောက်တယ်ထင်လား။"

မျက်ခုံးတစ်ချက်ပင့်ကာထိုကောင်မလေးရှေ့မှာတင်Yoongiနှုတ်ခမ်းပါးတို့အားစုပ်ယူနမ်းရှိုက်လိုက်တော့ကောင်မလေးကစိတ်ဆိုးသွားကာ

"တော်ပြီGigi.....နင်နဲ့ငါပြတ်ပြီ"

ထိုကောင်မလေးကအော်ပြောကာထွက်သွားသည်။Yoogiကတော့ဒေါသကြောင့်Jinကိုကြည့်တော့မျက်ရည်တို့ဖြင့်ကြမ်းပြင်ကိုစိုက်ပကည့်နေတဲ့Jinကိုတွေ့လိုက်ရသည်။Jinကရုတ်တရက်သူ့လက်အားတင်းကြပ်စွာဆုပ်ကိုင်ရင်း

"Hyungတောင်းပန်ပါတယ်။Gigiမကြိုက်ဘူးဆို......ကိုယ်Gigiနဲ့ဝေးဝေးနေပေးပါ့မယ်။ဒါပေမယ့်ကွာ......Hyungရှေ့ကိုတခြားတစ်ယောက်နဲ့ထွက်မလာပါနဲတော့။အဲ့တာကHyungကိုဒေါသဖြစ်စေတယ်။"

Yoongiလည်းJinကိုကြည့်ကာမျက်ရည်တို့အလိုလိုကျလာပြီး

"ကျနော်...တောင်းပန်ပါတယ်။Hyungကိုမျက်ရည်ကျအောင်အကြိမ်ကြိမ်လုပ်နေမိတယ်။ကျနော်ကHyungကျနော့်ကိုမုန်းသွားအောင်လုပ်တာပါ"

528မှ1500သို့(complete)Where stories live. Discover now