Kai ပြောရင်း လျှာပြန်ထုတ်ပြလိုက်သည်။

"ဟာ! အဲ့ဒီနေ့ကတော့ Soo ကြောက်လို့ပါဆို မှောင်ရင် အဲ့ခြေသံကြီး ပြန်ကြားလာလို့"

Kai လဲမေးလိုက်သည်။

"ဘယ်သူ့ခြေသံလဲ?"

Soo မှိုင်သွားပြီးမှ "သရဲမ ခြေသံ" အသံတိမ်တိမ်လေး ဖြင့်ဖြေလိုက်ရာ

"ဟားး ဟားး ဟားး ဟားး ဟားး" Kai အော်ကာ ဗိုက်နှိပ်ပြီး ရယ်ပါတော့သည်။

"လူကြည့်တော့ ပုတက် စွာတေးလန် ~ ဒီအသက်အရွယ်နဲ့ မှောင်ရင် သရဲခြေသံ ကြားရတယ်လ်ု့~ အောင်မလေး~ ရယ်ရတယ်ကွာ~ ဗိုက်တောင် နာတယ်"

ကားမောင်းနေရင်း သူမကို အားရပါးရ ရယိနေသော သူ့က်ု Soo စိတ်ထဲမှ မေတ္တာ ပို့ရင်း "ဗိုက်ပေါက်သေသွားဦးမယ် ကောင်စုတ်!" ဟုပြောကာ မျက်နှာကို မဲ့ပြီး ပြတင်းပေါက်ဘက် ကို ပြန်လှည့်ထားလိုက်သည်။

Soo ၏ လငပုပ် ဖမ်းနေသော မျက်နှာသည် စကိတ်ကွင်း ရှေ့ရောက်သည်နှင့် ချက်ချင်းပင် လပြည့်ည အလား ထိန်ထိန်သာ သွားပြီး

"ဟယ် ရောက်ပြီ ရောက်ပြီ~ စီးရတော့့မယ် ဒန်တန့်တန်~" ဟု မြူးထူးစွာပြောလိုက်သည်။

"လာ မြန်မြန် သွားရအောင်~ ကားကို ရ်တဲ့နေရာ ထိုးခဲ့တော့"

ခုနက ဘာမှ မဖြစ်ထားတဲ့ အတိုင်း kai ကို အမိန့်ပေးနေလေသည်။

ူKai ကားရပ် ပြီးပြီးချင်း သူမ မြန်မြန်လေး လမ်းလျှောက်သွားကာ Kai ကိုလဲလက်ယပ်ကာ ခေါ်နေလေသည်။

Kai လဲ Soo ပျော်နေပုံကြောင့် သူပါလိုက်ပျော်နေသလို®®®®®

အထဲ ရောက်တော့ နှစ်ယောက်လုံး စကိတ်ဖိနပ် အရင်စီးကြသည်။

သူမက ပနိးရောင်၊ Kai က အမဲရောင်။

Kai စီးပြီးလို့ သူမကို ကြည့်လိုက်တော့  တစ်ဖက်ပဲစီးရသေးသည်။ နောက်တစ်ဖက်က်ု စီးမယ်လုပ်လိုက်… ဟိုဘက်က စကိတ်ဖိနပ်ကြောင့် ခြေချော် သွားလိုက် ဖြစ်နေသည်။ Kai ရယ်ချင်သွားသည်။ ပြီးတော့ သူမနားသွားကာ

"မတ်တပ်ထ… ကိုယ့်ပုခုံးကို ကိုင်ထား"

ဟုဆိုတော့ သူမ ရပ်လိုက်ပြီး သူမ လက်ကို Kai ပုခုံးပေါ် တင်လိုက်သည်။ Kai သူမ က်ု ဖိနပ်စီးပေးလိုက်သည်။

A String AttachedWhere stories live. Discover now