A String Attached
Epi-7
Soo ရေမိုးချိုးပြင်ဆင် ပြီး ထမင်းစားခန်းထဲသို့ ထွက်လာတော့ ဟိုကောင် Kai က Soo ကို ပြုံးစစ နှင့် ကြည့်နေသည်။ မုန်းလိုက်တာနော်!
Soo လဲခပ်တည်တည်နဲ့ breakfast စားရန် ဝင်ထိုင်လိုက်သည်။ Breakfast တော့သူပြင်ထားသည်လေ… Soo ထိုင်လိုက်တော့ ထိုကန်စွန်းဥက Soo နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ကာ…
"ဒီနေ့ Breakfast ပြင်ထားပေးလို့ နေ့တိုင်းတော့ အခန့်သား ထိုင်စားဖိုတော့ မစဉ်းစားနဲ့နော်! Breakfast,Lunch ,Dinner. အိမ်သန့်ရှင်းရေး တစ်ယောက်တစ်လှည့်စီနော်.အဝတ်က တော့ ကိုယ့်အဝတ်ကို လျှော်ပေါ့ Ok?"
အောင် မလေး ပြောနေသည်မှာ တစ်သက်လုံး အတူနေ ရမဲ့ တကယ့် လင်မယားတွေလို! ဒါပေမဲ့ သူပြောတာ နည်းလမ်းကျတော့လဲ Soo လဲမငြင်းတော့
"Ok လေ! Soo တောင်းဆိုချင်တာ က တော့ တစ်ခုထဲ ရှိတယ်"
"တစ်ခုထဲ?! ဘာလဲ ပြောပါဦး"
"ရော့ ဒီမှာ လက်မှတိထိုး ပေးပါ" ပြောရင်း Kai ရှေ့ချလိုက်သော စာရွက် တစ်ရွက်…
စာရွက် ပေါ်တွင် ရေးထားသည်မှာ
'ကွာရှင်းစာချုပ်' သူတို့နှစ်ယောက် သဘောတူ ထားသော ၃လ သက်တမ်း အတိအကျ ကို တွက်ပြီး ရေးထားကာ သူ့လက်မှတ်လဲ ထိုးထားသည်။
Kai လဲရုတ်တရက် မို့
"ဒါက ဘာသဘောလဲ?"
"ရှင် ရှေ့လျှောက် ကျွန်မ က်ု မပြစ်မှား ဖို့သတိ ပေးတဲ့ အနေနဲ့လေ… ဒီစာချုပ်ပေါ် လက်မှတိထိုးပေး၊ ပြီးရင် ဧည့်ခန်းမှာ ကပ်ထားမယ်။ ရှင် ပြစ်မှားချင် ရင် အဲ့ဒီစာချုပ်ကို အရင် ပြေးကြည့်လို့ရအောင်
Kai တော်တော်ခံွံပြင်းသွားသည်။ ခုနက ကြည်လင်နေသော သူ့စိတ်တွေလဲ မခံချင်စိတ် သို့ပြောင်းသွားကာ
"အောင် မလေးဗျာ ငါကပဲ သူ့ကို ပြစ်မှား ရမယ် ရှိသေးတယ်! သူများအခန်းထိလာပြီး ကိုယ်ထိလက်ရောက် ပြစ်မှားနေတဲ့သူက"
Kai ပြောလိုက်တော့ Soo ဆတ်ဆတ်ထိမခံ
"ဘာရှင့်!!! ဒါ ကျွနမ က မီးပျက်…"
