"အကိုOffရော....?"

Gunနှုတ်ဖျားက အသံခပ်တိုးတိုးလေး ထွက်သွားယုံပါပဲ။

"ကိုယ် ဒီမှာ"

ကားထဲကပဲ အသံလာတော့မှ Gunခြေရင်းနေရာတွင် Apronကြီးဝတ်ကာ ကြော်လှော်နေတဲ့ အကိုOffကြောင့် Gunပြုံးမိသည်။

"အကိုOffကိုရတဲ့သူကတော့ တကယ်ကံကောင်းတာပဲနော်"

ဒူးကလေးကိုပိုက်ကာ ဒူးပေါ်ခေါင်းလေး စောင်းတင်ထားရင်း Gunကပြောလေသည်။

"ဘာလို့လဲ Gun"

"ကြည့်ကောင်းတဲ့ အကိုOffက တခြားသူကို ဘယ်လို ဂရုစိုက်ရမလဲ သိတယ်လေ"

"ဒါက ကိုယ့်ကို ချီးကျူးနေတာပေါ့"

"ဟင့်အင်း၊ အားကျတာ၊ အကို့ကို မဟုတ်ဘူး၊ အကို့ကို ရမယ့်သူက အတော်ကံကောင်းတာပဲလို့ တွေးပြီး အဲ့ဒီလူကို အားကျတာ"

Offရဲ့ ဟင်းအိုးမွှေနေဆဲလက်က ရပ်တန့်သွားလေသည်။ ထို့နောက် ဂတ်စ်မီးဖိုခလုတ်ကို ပိတ်ကာ Gunရှိရာဆီသို့ လှမ်းလာခဲ့တော့သည်။

"ဒါဆို၊ အကိုက Gunတစ်ယောက်တည်းကိုပဲ ဂရုစိုက်မယ်၊ Gunတစ်ယောက်တည်း အတွက်ပဲ ချောပေးမယ် ဆိုရင်ရော Gunက ကိုယ့်ကို ပြန်ကြိုက်မှာလား"

"ချောတယ်လို့ ဘယ်သူက ပြောလို့လဲ"

ခပ်ရဲရဲမျက်နှာဖြင့် အငြင်းစကားဆိုလေသည်။

"ဟင်လို့၊ ကိုယ့်ကို ပြန်ကြိုက်မှာလား"

" Gunကို ကြိုက်နေတာလား"

အိပ်ယာပေါ် ငုတ်တုတ်လေး ထိုင်နေတဲ့ Gunကိုယ်လုံးလေးကို ရင်ဘတ်ချင်းအပ်ကာ ပွေ့ဖက်ရင်း Offဖြေလေသည်။

"မဟုတ်ဘူး ၊ မြတ်နိုးတာ"

"________"

"Gunကို စောင့်ရှောက်ချင်တယ်၊ Gunကို ယုယချင်တယ်၊ Gun ကိုပဲ ကြင်နာချင်တယ်၊ Gunကလွဲရင် ဘယ်သူကိုမှ မချစ်နိုင်ဘူး၊ Gunနဲ့အတူတူ အရာအားလုံးကို ကျော်ဖြတ်ချင်တယ်၊ ကိုယ်ပြောတဲ့ မြတ်နိုးခြင်းက ဒီအဓိပ္ပါယ်ပဲ"

"______"

"ဟင်လို့၊ ကိုယ်ပြောတာ သဘောတူလားလို့"

"မတူလို့ကော ရမလား၊ တစ်ကိုယ်လုံးကိုဖြင့် ဖက်ထားနေပြီးတော့၊ ဖယ်၊ ဗိုက်ဆာပြီ၊ မျက်နှာသစ်မယ်၊ ဟမ့်"

Mine (Completed) Where stories live. Discover now