"Driverခေါ်ခဲ့ဖို့ကျတော့ လူစိမ်းမပါစေချင်တာကွာ"

"အမယ် လူစိမ်းဆိုတာထက် Gunတို့ရဲ့ မိသားစုဝင်လိုဖြစ်နေတဲ့ ဦးလေးDoorကိုတော့ မျက်နှာပူလို့ မခေါ်လာတာတော့ လုပ်လိုက် သားရီး"

"သိရင် ငြိမ်ငြိမ်နေကွာ"

"မင်းတစ်ချိန်လုံး ကားမောင်းခဲ့ရတော့ ဘယ်မှာလဲ flirt ချိန်"

"ဒါကတော့ကွာ"

"တုံးတယ်ပြောလည်း လွန်အုံးမယ်၊ လမ်းမှာ ကလေးစားချင်တာလေး ကျွေးလိုက်၊ စကားလေးပြောလိုက်၊ ကလေးမပျင်းအောင် အတူတူကစားလာလိုက် လုပ်ခဲ့ရင် တော်တော် ခရီးရောက်နေပြီ မင်း"

"အေးပါကွာ၊ ငါငတုံးကြီးပါ၊ဟုတ်ပြီလား"

"သိရင်ပြီးရော၊ နောက်ထပ်သွားရမယ့် နေရာတွေ ရှိသေးတယ်၊ ငါစီစဉ်မယ် ငါပြောသလိုလုပ်"

"အေးပါကွာ၊ အေးပါ၊ ခုတော့ ညစာအတွက် ပြင်ရအောင်"

အကင်လုပ်စားမှာမို့ အကင်အတွက် လိုအပ်တဲ့ အသားတွေကို လုပ်လိုက်သည်။ မီးဖိုအဆင်သင့်ဖြစ်တာနဲ့ အရသာနယ်ထားသော အသားကို Offက ကင်လေတော့သည်။

"ဆော့စ်က ဘာလို့ မလိုရမှာလဲ၊ မင်းမကြိုက်တိုင်း၊ အကင်မှာ ဆော့စ်က အဓိကပဲ"

ထိုသို့ပြောကာ Sunကတော့ အဖွားဖြစ်သူကို Phဆက်ကာ ဆော့စ်ကို ဘယ်လိုလုပ်ရမလဲ လှမ်းမေးနေလေသည်။ ပွစိပွစိ ပြောနိုင်လွန်းသော Sunပါပဲ။

############

Offတို့ ကားရပ်နားထားရာ နေရာက တောင်ကုန်းရဲ့ ပြေးလမ်းဘေးက ကားရပ်နားဖို့ သတ်မှတ်နေရာတွင် ဖြစ်လေသည်။ ကားparkingများလို တစ်စီးနှင့်တစ်စီး ဘေးကပ်ရပ်နေရတာမျိုး မဟုတ်ဘဲ တောင်ရဲ့ နေရာအနှံ့အပြားတွင်ရှိသည့် သတ်မှတ်နေရာတွင် ရပ်နားရခြင်း ဖြစ်သည်။ နေရာကောင်း မြင်ကွင်းကောင်းရရန်လည်း ကြိုတင်စာရင်းပေးရလေသည်။ ကိုယ်ရရှိသည့်နေရာက တောင်ကုန်းထိပ်တည့်တည့် မြင်ကွင်းကောင်းမျိုး မဟုတ်ခဲ့လျှင်တော့ သတ်မှတ်တောလမ်း ကနေ ခြေလျှင်တက်ပြီး လည်ပတ်နိုင်လေသည်။

တောင်ပေါ် လာရောက်လည်ပတ်သူတွေအတွက် နားနေရန် သစ်လုံးအိမ်ငယ်လေးတွေလည်း ငှားရမ်းလို့ရနိုင်သည်။ အခုလို ဆောင်းဥတုမှာတော့ ရေနံဆီမီးအိမ်ပဲ အသုံးပြုနိုင်သည့် ထိုသစ်လုံးအိမ်တွေမှာ ကျန်းမာရေးကောင်းသူများ တည်းလျှင်တောင်မှ အလွန်အအေးပိုနိုင်သည်။ အအေးလျော့စေရန်အတွက် တချို့တည်းခိုသူတွေကတော့ မီးပုံပွဲများလုပ်ကြသည်။ Gunအတွက်ကတော့ အနွေးဓါတ်ရရှိနိုင်သည့် ကိုယ်ပိုင်အိပ်ယာပါလာမှသာ ဒီလိုရာသီဥတုကို အံတုနိုင်လေမည်မို့ Trip Van carကို စီစဉ်လာရခြင်း ဖြစ်သည်။

Mine (Completed) Onde as histórias ganham vida. Descobre agora