Part 24🔞🔞🔞

Start from the beginning
                                    

သတ်မယ်ဖြတ်မယ်ဆိုပြီးရောက်လာတဲ့JungHoseokလေးက ရောက်ကတည်းက အဖတ်လုပ်မခံရပါဘူး ရောက်ကတည်းက တစ်ချက်လေးတောင်လှည့်မကြည့်ဘဲ သောက်နေတဲ့JoneJungkook
ထပ်မသောက်ဖို့တားလိုက်တဲ့Hoseokieလေးရဲ့လက်ကောက်ဝတ်ကိုဆုတ်ကိုင်လိုက်တဲ့အားက နည်းနည်းလေးမှလျော့မနေခဲ့ဘူး Hoseokကိုယ်လေးတောင် တုန်ပြီးကြောက်နေခဲ့တယ်ထင်တယ် လက်ကောက်ဝတ်ကိုကိုင်ပြီး ရီဝေဝေမျက်လုံးတွေနဲ့ ပြန်ကြည့်လာတဲ့JoneJungKookကြောင့် Hoseokieလေး ရုတ်တရက် နှလုံးအခုန်မြန်လာသလိုဘဲ

"JungHoseok"

"အဲ့လိုမခေါ်နဲ့လို့ "

"မင်းဘဲ အဲ့တာမင်းနာမည်ဆို"

"ဟင့်အင်း အာ့တာ အလကားနောက်တာ ကိုကိုဘဲပါးဖောင်းလေးဆို"

ဟွန့်ခနဲနာတစ်ချက်မှုတ်ရင်း နှုတ်ခမ်းတစ်ချက်ရွဲ့ပြီး ဟိုဘက်ပြန်လှန့်ပြီး Hoseok ကိုမရှိသလိုလုပ်နေပြန်တယ်

"ကိုကို လို့"

"ဘာလာလုပ်တာလဲ ပြန်တော့"

"ပြန်ဘူး"

တဖန်ပြန်လည်တိတ်ဆိတ်သွားတဲ့ဧည့်ခန်းထဲ JoneJungkookက အရက်ခွက်ကိုမမြင်ဖူးသလို အရက်စက်တွေကိုဘဲတစ်စက် နှစ်စက်ရေသလို ငေးကြည့်နေတယ် ပြီးတော့ ရီဝေဝေစကားသံတစ်ချို့ပြန်လည်ထွက်ပေါ်လာတယ်

"JungHoseok မင်းက ငါ့ကိုမချစ်ဘူး"

"ချစ်တယ်လို့"

"ချစ်ရင် ကိုယ့်ကိုလက်ထပ်"

ရီဝေဝေပြောနေတဲ့စကားပေမယ့် အကြည့်တွေကလွဲမသွားဘဲ အတည်ပြောနေတာမို့ ဘာပြန်ပြောရမှန်းမသိတဲ့JungHoseokလေး တံတွေးတာမျိုချနေရတယ်

"Andelinaဆိုတဲ့မိန်းမကရော"

"သူ့ကိုယူရမှာလား ယူလိုက်ရမလား"

"မယူနဲ့လို့ မယူရဘူး"

"ဒါဆို မင်းကယူမှာလား"

".........."

ပြန်မဖြေတဲ့Hoseokieလေးကြောင့်

"မင်းကသိပ်ဆိုးတယ် Seokie အလုပ်ရှိသေးတယ်မို့လား ဒီမှာအချိန်ကုန်ခံမနေနဲ့ ပြန်တော့"

"မပြန်ပါဘူးဆို ဒီညဒီမှာအိပ်မှာလို့"

"................."

BAL GYI Where stories live. Discover now