အိမ်မက္တစ်ခုလို့ပါပဲ လွန်ခဲ့တဲ့ ၃ရက်လောက်တုန်းက လက်ထက်ဖို့အထိပြောခဲ့ စနောက်ခဲ့ကြပြီး သူငယ်ချင်းအလုပ်တစ်ခုအတွက်ကူညီဖို့ ၂ရက်လောက် ခရီးလေးထွက်လိုက်တာ

ပြန်လာတော့ ဒီလိုမျိုးဖြစ်သွားတာလား

သရုပ်ဆောင်တော်တဲ့ hyungwonက သူ့ကိုစနောက်နေတာများလား...

နောက်နေတာပဲဖြစ်ပေးပါ...

"ဘာလို့ချက်ချင်းကြီးလဲ!!! ပြီးတော့မင်းကရောဘာလို့လွယ်လွယ်နဲ့အရှုံးပေးလိုက်ရတာလဲ ဟမ်!!! မင်း မင်းငါ့အတွက်နည်းနည်းလေးမှမစဉ္းစားဘူးလား ငါ့ဘက်ကိုနည်းနည်းလေးမှမကြည့်ဘူးလား"

"ငါလဲအများကြီးအခက်တွေ့ခဲ့တာပါ ငါအခုလိုလုပ်လိုက်လို့ငါအဆင်ပြေတယ်လို့မင်းထင်လို့လား ဒါပေမဲ့ငါ့အမေကနှလုံးရောဂါနဲ့ကွ"

"ဟက် မင်းကမင်းအမေအတွက်နဲ့ငါ့ကိုလမ်းခွဲမယ်ဟုတ်လား အဲ့တာဆို မိဘတွေနဲ့အဆက်ဖြတ်ပြီးငါရမယ့်အမွေတွေအကုန်လုံးကိုစွန့်လွှတ်ပြီး မင်းကိုရွေးချယ်ခဲ့တဲ့ငါကရော ဟမ် အဲ့တော့ငါကစောက်ရူးလားလို့!!!!"

"ငါမှအဲ့လောက္မစွန့်စားရဲတာ"

"ဘာပြောလိုက်တယ် ဘာပြောလိုက်တယ်hyungwon မစွန့်စားရဲဘူးဟုတ်လား မင်းပြောခဲ့တာတွေမင်းမေ့သွားပြီလား ငါနဲ့ပဲတသက်လုံးနေမှာဆို ငါ့ကိုပဲတသက်လုံးချစ်သွားမှာဆို ဘာတွေပဲဖြစ်လာဖြစ်လာငါ့ဘက္မှာပဲရှိမှာဆို အဆုံးထိငါ့ကိုပဲရွေးချယ်မှာဆို မင်းပြောခဲ့တာလေ မင်းပါးစပ်ကမင်းကိုယ်တိုင်ပြောခဲ့တာလေ!!!"

"ငါ...ငါတောင်းပန်ပါတယ်minhyuk ငါလဲဘယ်လိုမှမတက်နိုင်တော့လို့ပါ ငါလည်းအရမ်းမွန်းကြပ်နေပြီ ငါ့ကိုလွှတ်ပေးလိုက်ပါတော့"

"လွှတ်ပေးရမယ်ဟုတ်လား မင်းကွာ မင်းမို့လို့ဒီလိုမျိုးပြောထွက်တယ် ငါမင်းကိုဘယ်လောက်ချစ်လဲမင်းမသိဘူးလား ငါဘယ်လိုစိတ်နဲ့မင်းကိုလက်လွှတ်ပေးလိုက်ရမှာလဲ ငါမင်းကိုတခြားသူလက်ထဲထည့်ပေးရမယ်လို့စဉ်းတောင်မစဉ်းစားခဲ့ဖူးဘူး"

"...."

သူငိုနေခဲ့တယ် မယုံနိုင်စရာပဲ ဟုတ်ပါတယ် minhyukနဲ့ကျွန်တော်ချစ်သူဖြစ်လာတဲ့သတ်တမ်းတစ်လျှောက် minhyukငိုတာကျွန်တော်ပထမဆုံးြမင်ဖူးြခင်းပါ သူကကျွန်တော့ရှေ့မှာဆိုအမြဲပြုံးနေခဲ့တာလေ

You are Mine (Complete)Where stories live. Discover now