အိမ်ရှေ့ ဧည့်ခန်း မှာ ကျောင်းစိမ်း ပုဆိုး နဲ့ လက်လေး ပိုက်ပြီး အရိုက် ခံ နေရတဲ့ သူကတော့ အလယ်တန်း ပြ ကျောင်းဆရာလေး ရဲဆက်သွင် ပါ

ဒီအိမ်ရှေ့က ဖြတ် သွားလို့ အစ်ကိုက ရိုက်လို့ ညီက အော်ဟစ် ငိုယို နေတဲ့ အသံ ကလည်း ဒီရပ်ကွက် ထဲ က လူတွေ အတွက် မဆန်းတော့ ပါ .... ဒီ ညီအစ်ကို နှစ်ယောက်ဘယ်လောက် ချစ်လည်း သူတို့ အသိဆုံး ....

အနှီ လူသား နှစ်ယောက် ကတော့ ဖြိုးဆက်သွင် နဲ့ ရဲဆက်သွင် ဆိုတဲ့ 3လကြီး 3လငယ် အဖေမတူ အမေကွဲ ဘာမှမတော် ညီအစ်ကို နှစ်ယောက်ပါ
မျက်စိ လည် သွားပြီလား .... 😅

ဖြိုးဆက်သွင် က အကြီး ...မွေးစားသား ပါ
ဆုံးသွားတဲ့ ဖေ နဲ့ မေ နဲ့ အစား ထို ခလေး မက လူကြီး မကျ ရဲရဲ တစ်ကောင်ကို အစ်ကို ကြီး အဖအရာ နေရာက ဆုံးမ နေရခြင်း ဖြစ်တယ်
ဖေဖေ မဆုံးခင် ကလည်း သူ့ရဲ့ တစ်ဦးတည်းသော ညီလေး ရဲ့ ထို ကနွဲ့ကလျ အမူအရာ များကြောင့် သူတို့ ညီအစ်ကို နှစ်ဦး လုံး အမြဲ လို အရိုက် ခံခဲ့ ရသည်

မှန်ပါသည် စစ်ဗိုလ်မှုး အငြိမ်းစား ဖေဖေ သည် သားတော်မောင် အား ကျားကျားလျားလျား သာ ဖြစ်စေချင်သည့် အလျောက် တခါတလေ သွေးထွက်သံယို ဖြစ်သည့် အလျောက် ရိုက်တတ်သည် ထိုအခါ မျိုး တွင် မိမိ မှာ မကြည့် ရက် သောကြောင့် ညီ့ အစား ဆက်ရိုက် ရန် တုတ်ဆွဲ ပြီး တောင်းပန်ကာ အရိုက်ခံ ခဲ့ရသည်
ယခု ဖေဖေ မရှိတော့ ဒီ တာဝန် တွေ သူ့အပေါ် ကျလာသည်

ဖေဖေ ဖြစ်စေချင်သည့် စစ်သားကြီး သူ ဖြစ်ခဲ့ပေမဲ့ ညီ ကတော့ သူ ဖြစ်ချင်တဲ့ ကျောင်းဆရာ ကို အိမ်က မသိအောင် တက္ကသိုလ် ဖောင် ရအောင် တင် ခဲ့တာ
ညီ့တွင် ရှိသည့် ထို သတ္တိမျိုးတော့ သူ အားကျ သည်
မည်မျှ အရိုက် ခံ ရ သည် ဖြစ်စေ မည်မျှ အဆူခံ ရသည် ဖြစ်စေ ထိုစရိုက် ကို ဖျောက်ဖျက်မည့် ပုံ မရှိသော ခေါင်းမာခြင်းမျိုးလည်း ညီ့တွင် ရှိသည်

ယခုလည်း မနက်က ကျောင်းသွားခါနီး နမော် နမဲ့ နဲ့ ကျောင်းစာရွက်စာတမ်းတွေ မေ့ခဲ့ လို့ အရိုက်ခံ နေရတာကို အော်တဲ့ လေသံ ကြားပြီး စိတ်တိုလာလို့ ကြိမ်လုံး မချပဲ ထပ်ထပ် ရိုက် နေရခြင်း ဖြစ်သည်

'လာ ဒီနားကို လာထိုင် .....
ကြည့်လိုက်တော့ မျက်ရည် တွေ နှပ်ရည် တွေနဲ့ အူစကူ ရုပ် ဖြစ်နေတာက အသက် 25 နှစ်နဲ့ မလိုက်

ထုံ နေပြီ ဖြစ်တဲ့ တင်ပါး က အသာလေး ထိုင် ချ လိုက်တာတောင် တော်တော် နာလို့ ချက်ချင်း မတ်တပ် ပြန်ရပ်လိုက်ရသည်

'အ နာတယ် .... အီး ဟီး '

'ဟိတ် တိတ်စမ်း ...ညီ .... ကိုကို ငိုတာ မကြိုက်ဘူး လို့ ပြောထားတယ်နော်
ဘာလို့ ခုလောက်ထိ အရိုက်ခံ ရလဲ လဲ သိတယ်နော်
သွား .... ဆေးဗူး သွား ယူ ပြီး အခန်းထဲ လိုက် ခဲ့ .....

အားရပါးရ ငိုချ မည့် မိမိ မျက်ရည်များ လမ်းတဝက်တင် ရပ်သွား ပြီး ဆေးဗူး သွားယူပြီး အိပ်ခန်း ဆီသို့ ......
.......
next ..........


Sweet December ❄️Where stories live. Discover now