Part(33)

6.1K 394 39
                                    

[Unicode] 💙💙💙

Jk-"Jimin မင်းတို့ဘယ်နားမှာလဲ"

အပြင်လျှောက်လည်မယ်လို့ကိုယ်ကပြောထားတာကြောင့် သူတို့နဲ့ချိန်းထားတဲ့နေရာကိုရောက်လာခြင်းသာ ရောက်တော့သူတို့ကိုရှာနေရတယ်သူတို့ကဘယ်နားမှာမှန်းလည်းမသိဘူး

Jm-"ငါတို့ကကြာကန်ဘေးနားမှာ"

Jk-"ပြီးရောငါလာခဲ့မယ်"

Jm-"Inn.."

ဖုန်းကိုဘောင်းဘီအိပ်ကပ်ထဲပြန်ထည့်ကာ သူတို့ကိုလိုက်ရှာနေလိုက်တယ် ခဏကြာတော့တွေ့ပါပြီရေခဲမုန့်ဆိုင်ရှေ့မှာထိုင်ပြီးရေခဲမုန့်စားနေကြတဲ့နှစ်ကောင်သား ကိုယ်လည်းပြေးကာသူတို့နှစ်ယောက်နားသွားလိုက်မိတယ် အနားလည်းရောက်ရောနှစ်ကောင်သားထိုင်နေရာကထကာ ကိုယ့်ကိုလာကြည့်တယ်

Jm-"Jungkook မင်းကလည်းကြာလိုက်တာကွာ"

Jk-" Sorry ! ကွာ ငါမင်းတို့ကိုရှာနေရတာလေ"

Jh-" Jungkook ရေခဲမုန့်စားမလား"

Jk-"အင်း ..."

Jh-"ဘာစားမလဲငါဝယ်ကျွေးမယ်"

Jk-"ကျေးဇူးပဲ Hobi , Chocolate ပဲစားမယ်"

Jh-"ပြီးရောခဏစောင့်"

ကိုယ့်ကိုပြောကာရေခဲမုန့်ဆိုင်ရှိရာကိုပြေးသွားပါသော Hobi

Jm-"Jungkook မင်း ကိုငါမေးစရာရှိတယ်"

Jk-"Inn .. မေးလေ"

Jm-"ဟို ... အစ်ကို Taehyung နဲ့တစ်ကယ်မတွေ့ချင်တော့ဘူးလား"

Jk-"ဘာလို့အဲ့ဒါတွေလာမေးနေတာလဲ"

Jungkook ကစိတ်မချေသောလေသံနဲ့ပြန်မေးလိုက်တယ်

Jm-"ငါကဒီအတိုင်းမေးကြည့်တာပါ .. ဒါမယ့်မင်းမရှိတဲ့အချိန်သူနောင်တတွေရနေတာနော်"

အဲ့စကားကြောင့် Jungkook မျက်မှောင်ကြုံ့လိုက်ကာ Jimin ကိုလှည့်ကြည့်မိလိုက်တယ်

Jk-"သူကနောင်တရနေတယ် .. ဟုတ်လား"

Jm-"Inn .. ဟုတ်တယ်"

Jk-"ဟား .. ဟား .. ဟာသတွေပါ Jimin ရယ် သူလားနောင်တရမှာအခုဆိုသူ့ရဲ့မိသားစုအသစ်နဲ့ပျော်နေလောက်ပြီ"

Kookie's Lovely Husband (쿠키의 사랑스러운 남편) ✅ {Completed} ✅Where stories live. Discover now