"အကို၊ ကျွန်တော် မေးတာလည်း မဖြေဘူး"

"ဟင်၊ ကိုယ့်ရည်မှန်းချက်က အခုဖြစ်နေပြီလေ"

"နောက်ထပ် ဘွဲ့တွေ ဒီဂရီတွေ ထပ်ယူပြီး ပါရဂူကြီး ဖြစ်အောင် မလုပ်ချင်ဘူးလား"

"ဘာလဲ၊ Gunက ကိုယ့်ကို ပါရဂူကြီး ဖြစ်စေချင်တာလား"

"အင်း"

ခေါင်းတို့ကို ညိတ်ပြပြီး ပြုံးပြလာပြန်သည့် ထိုကောင်လေးကို ကျွန်တော်မှာ ချစ်မဝ ဖြစ်ရပါသည်။ အရင်က ကျွန်တော်နဲ့ အခု ကျွန်တော် မတူတော့ဘူးထင်ပါတယ်။ ကျွန်တော်နဲ့ ဒီကလေးရဲ့ တွေ့ဆုံမှုက မချောမွေ့ခဲ့ပေမယ့်လည်း ကျွန်တော်ရဲ့ နှလုံးသား၊ ကျွန်တော်ရဲ့ ခန္ဓာကိုယ်၊ ကျွန်တော်ရဲ့ အတွေး၊ ကျွန်တ်ေရဲ့ စိတ်အာရုံတို့က Gunတစ်ယောက်ကိုသာ တွေးတောနေသည်။ ကျွန်တော် ချစ်သည့် ထိုလူသားက မိန်းကလေး မဟုတ်ပေမယ့်လည်း မြတ်နိုးချင်သည်။ ယုယချင်သည်။ စောင့်ရှောက်ချင်သည်။

"ဒါဆို ကိုယ် ပါရဂူကြီး ဖြစ်အောင်လုပ်မယ်၊ Gunက ကိုယ့်ရဲ့ အားဆေးလေးဖြစ်ပေး"

"ဟမ်"

"ဒီလိုလေ၊ ကိုယ်က ကြိုးစားတာက ကြိုးစားလို့ ရပါတယ်၊ ကိုယ် စာလေ့လာတဲ့အခါ၊ examဖြေတဲ့အခါ ၊ အဲ့လိုအချိန်တွေကို Gunလေးက ကိုယ့်ကို အားပေးစကားလေးတွေ ပြောပေးပေါ့"

ထိုအချိန်တွင် အခန်းထဲသို့ အချိန်အခါ မဟုတ် အလည်လာသည့် ဧည့်သည် အစုတ်အပျက်ကောင်က ရောက်ရှိလို့ လာပါတော့သည်။

"အဟွတ်၊ ဟွတ်....Sorr...Sorryကွာ...ငါ လည်ချောင်း ယားသွားလို့...Hi....ကိုယ့်ညီလေးGun ၊ နေရတာ ဘယ်လိုလဲ၊ သက်သာလား"

ကျွန်တော်ဆိုသည်မှာလည်း သူငယ်ချင်းလေးက လူငယ်လေးကို အားကြိုးမာန်တက် လိုက်နေချိန်မှ အလိုက်မသိ ရောက်သွားရသည့် ကျွန်တော်ပါပဲ။ ဒါ့ကြောင့် သူငယ်ချင်းကို မသိဟန်ဆောင်ကာ baby gunလေးကိုပဲ စကားပြောလိုက်တော့ Gunလေးက ပြုံးပြုံးရွှင်ရွှင်လေး ပြန်ဖြေလေသည်။

"ဟုတ်၊ အကိုSun၊ Gunနေကောင်းတယ်"

မျက်နှာလေးက သွေးရောင် လွှမ်းလာတာမို့ မဆိုးဘူး ပြောရမည်။

Mine (Completed) Where stories live. Discover now