Ep-6

19.3K 1.7K 86
                                    

အချစ်ရာသက်ပန်⏱️

တစ်ပတ်လောက်အိမ်ပြန်မလာသည့်မောင့်ကို
ရှင်းဆက်ဆေးရုံသွားတော့ မြင်ခဲ့ပါသေးသည်။
စိတ်ဆိုးသွားသည့်နောက် အိမ်လဲပြန်မလာသလို
ကားရောင်းလိုက်တဲ့အကြောင်းဖုန်းပင်ဆက်မပြော။
ပိုက်ဆံတွေလဲ ကောင်မလေးတွေကိုအမ်းလိုက်တယ်ဆိုတာ ရှင်းဆက်သိပြီးဖြစ်သည်။

တကယ်လူဆိုးကောင်က အဲ့နည်းနဲ့ရှင်းဆက်ကို
ခံစားရအောင်လုပ်လို့ရမည်ထင်နေတာဖြစ်သည်။
ရှင်းဆက်မသိဘဲနေပါ့မလား။
မောင့်အတွေးထဲမှာ ဟန်နီ့အပြင် တခြားဘယ်မိန်းကလေးမှ အချိန်အကြာကြီးနေရာယူနိုင်မည်မဟုတ်။

ရည်းစားမရှုပ်တဲ့မောင်ကအခုမှ တစ်ယောက်ပြီးတစ်ယောက်တွဲပြနေတာ ရှင်းဆက်ကြောင့်ဆိုတာ သိသာလွန်းသည်။
ခက်ရန်ကောမောင်ရယ် ငါ့အကြောင်းမင်းတကယ်ဘာမှမသိဘူးပဲ။
ငါဆိုတဲ့ကောင်က မောင်စိတ်ချမ်းသာရင် ဘာမဆိုနားလည်ပေးနိုင်တဲ့လူစားမျိုးပါ။

မောင့်ကိုဆေးရုံမှာတွေ့ခဲ့တုန်းကလဲ ဟန်နီအခန်းထဲမှာ ထိုင်စောင့်နေတာကိုဖြစ်သည်။
ရှင်းဆက်အခန်းထဲမဝင်ခဲ့ပေမဲ့ မောင့်ကိုတော့ ကြည့်ခဲ့ပါသေးသည်။
ဟန်နီ့လက်ကိုကိုင်ပြီးစကားတွေပြောပေးနေသည့်မောင်က သက်တမ်းရင့်အရူးမျိုးစေ့ကပဲဖြစ်မည်။

ထမင်းစားချင်စိတ်မရှိတာမို့ တိုက်အောက်ဆင်းကာ
ဆန်ပြုတ်ဝယ်ပြီးပြန်တက်လာခဲ့သည်။
အကျီ င်္အိတ်ထဲလက်ထည့်မိတော့ မောင့်အတွက် လုပ်ထားသည့် black cardလေး။
ပေးမယ်ဆိုမှ မောင်ကပြန်ကိုမလာတော့။
ရှင်းဆက်စိတ်ကိုသာ လျှော့မထားရင်
မောင့်ကိုချက်ချင်းသွားခေါ်မိမှာပင်။
ဒေါသထွက်ရင် မထိခိုက်သင့်တာတွေ ထိခိုက်မည်မို့
ကိုယ့်စိတ်ကိုလျှော့ထားရသည်။

လှေကားထစ်တွေတက်ရင်း ငယ်ငယ်ကအကြောင်းတွေလဲပြန်စဉ်းစားနေမိသည်။

"ဝဠာ ဘာလို့ငိုနေတာလဲ"

ရှင်းဆက်ဂေဟာကိုလာတော့ သစ်ပင်အောက်တွင်ထိုင်ငိုနေသည့် ဝဠာအနားအတူထိုင်ကာမေးမိသည်။
ဘယ်လောက်တောင်ငိုထားတယ်မသိ ဝဠာ့မျက်လုံးတွေက ရောင်နေတော့သည်။
ရှင်းဆက်လာတာနောက်ကျလို့များလား။

အချစ်ရာသက်ပန်⏱️အခ်စ္ရာသက္ပန္(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ