Ep-5

18.4K 1.8K 55
                                    

အချစ်ရာသက်ပန်⏱️

ကောင်မလေးနှင့်တွဲကနေသည့် မောင့်ကိုထိုင်စောင့်နေရင်း ရှင်းဆက် ဝိုင်တွေသောက်နေမိတာ ဘယ်နှခွက်မှန်းမသိတော့။
မူးသည်မဟုတ်သေးသော်လည်း ရီဝေဝေတော့ဖြစ်ချင်နေသည်။
မောင့်ကိုခေါ်ပြီးပြန်မှထင်သည်။
နှစ်ယောက်လုံးမူးရင် လမ်းဘေးတွင် ဝင်တိုးနေရလိမ့်မည်။
အော်ခေါ်ရင်တောင်မကြားနိုင်တာမို့ က,နေသည့်လူတွေကြား တိုးလာခဲ့ရသည်။
ရင်ဘတ်ကိုမထိတထိလာကိုင်သည့်ကောင်မလေးတွေကိုရှောင်နေရတာနဲ့ မောင့်အနားတော်တော်နဲ့မရောက်နိုင်။

အနားရောက်သွားတော့မှ ပုခုံးကနေဆွဲလိုက်သည်။

"ပြန်ကြရအောင်"

"ဟမ် ဘာပြောတာလဲ"

"ပြန်မယ်လို့ အိမ်ပြန်မယ် နောက်ကျတော့မှာ"

"မပြန်သေးဘူး ငါနေအုံးမှာ"

"မောင်တော်ပြီကွာ ပြန်ရအောင်
မင်းမူးနေပြီမဟုတ်ဘူးလား ကောင်မလေးကိုလွှတ်လိုက်တော့"

ကောင်မလေးကိုခါးကျိုးမတက်ဖြစ်ညစ်ထားသည့်မောင့်ကြောင့် ဟိုကောင်မလေးကရှုံ့မဲ့နေပြီဖြစ်သည်။

"မလွှတ်ပါဘူး ငါက,နေပါတယ်ဆို
သွားထိုင်နေ"

"ကျစ် …… မောင်ပြောမရရင် ငါထမ်းခေါ်သွားရလိမ့်မယ်နော်"

"အမယ်……မင်းကငါ့ကိုနိုင်မှာတဲ့လား"

ပုံမှန်ဆို စိတ်ရှည်ရှည်စောင့်ခေါ်မှာပေမဲ့ အခုတော့ ရှင်းဆက် စိတ်မရှည်ချင်။
ခေါင်းနောက်ကာ အနားယူချင်နေပြီဖြစ်သည်။
အကျီ င်္လက်တွေပင့်တင်ကာ တစ်ကိုယ်လုံးလှုပ်၍ က,နေသည့်မောင့်ကို ပုခုံးပေါ်ကောက်ထမ်းပစ်လိုက်သည်။

"ရား……ဟျောင့် ဘာလုပ်တာလဲ"

သံသရာရှည်စွာကောင်မလေးလက်ကိုမလွှတ်သေးတော့
ဟိုကောင်မလေးက ရှင်းဆက်သွားတဲ့နောက်ပါလာပြန်သည်။

"မောင် သူများလက်ကိုလွှတ်လိုက်
မဟုတ်ရင် မင်းကိုငါပစ်ချလိုက်မယ်"

ဖယ်ပေးသည့်လူရော မဖယ်သည့်လူတွေကိုရော
ရှင်းဆက်တိုးတိုက်လာခဲ့သည်။ဟိုကောင်မလေးလဲ ဘယ်အချိန်ကျန်ခဲ့လဲမသိတော့။

အချစ်ရာသက်ပန်⏱️အခ်စ္ရာသက္ပန္(Completed)Onde as histórias ganham vida. Descobre agora