Chapter-2(Unicode)

Magsimula sa umpisa
                                    

လင်းထက်ကို ခပ်ကြိတ်ကြိတ်တစ်ချက်ကြည့်လာသော ဦဖြိုးစည်လင်းသူသည် ဘာမှမပြောဘဲ လုပ်စရာရှိသည်များကို သူ့ဘာသူဆက်လုပ်နေသည်။ လင်းထက်ကို တစ်ချက်မှ မကြည့်တော့သလို စကားလည်းမပြော၊ ဘာမှလည်းမခိုင်းဘဲ သူတစ်ယောက်တည်းအကုန်လုပ်သွား၏။ လင်းထက် မိမိ၌ အပြစ်ရှိနေသည်မို့ဘာမှမပြောရဲဘဲ ရပ်ကြည့်နေမိသည်။

သန့်ရှင်းရေးကအဆုံး သူပဲ လုပ်ပေးသွားပြီနောက် လက်အိတ်နှင့် အေပရွန်ကိုချွတ်၍ နေရာမှထသွားသည်။

"အစ်...အစ်ကို၊ ကျွန်တော် တောင်း...တောင်းပန်ပါတယ်"

လင်းထက် အထစ်ထစ်အအ တောင်းပန်မိစဥ် သူက လင်းထက်ဖက်သို့ ဆတ်ကနဲ့ လှည့်လာသည်။

"ဘာတွေစဥ်းစားနေလဲ ဟမ်၊ ဒီကလေးမွေးတဲ့ အချိန်ခဏလေးတောင် အလုပ်ထဲ စိတ်မထည့်နိုင်အောင် မင်းဘာတွေစဥ်းစားနေလဲ"

မိမိအပြစ်မို့ လင်းထက် ခေါင်းသာငုံ့ထားမိသည်။ သားဖွားခန်းထဲရှိ တခြားသူများက ကွက်ကြည့်ကွက်ကြည့်လုပ်လာ၏။ လင်းထက်တို့နှင့်အတူ ကလေးကောက်ဝင်သော သူနာပြုဆရာမလေးကတော့ သက်ပြင်းတစ်ချက် အသာချသည်။

"လူနာတွေရဲ့ အသက်နဲ့ အလုပ်လုပ်ရတဲ့ ဆရာဝန်တစ်ယောက်လုပ်ပြီး လုပ်ငန်းခွင်မှာ ဒီလို အသိစိတ်လွတ်နေမယ်ဆို မင်းဆရာဝန်မလုပ်သင့်ဘူး၊ ဆရာဝန်ဆိုတာ ဆယ်တန်းမှာ အမှတ်များတိုင်း လုပ်ရမယ့် အလုပ်မဟုတ်ဘူး၊ တကယ့် စေတနာပါ စိတ်ပါမှ လုပ်ရမယ့် အလုပ်၊ မင်း ဉာဏ်ကောင်းလို့ အမှတ်များတိုင်း ကလေးကလား လာဆော့မနေနဲ့"

လင်းထက် ခေါင်းငုံ့ထားရင်း တစ်ကိုယ်လုံး ပူထူကာ မျက်ရည်စများ ရစ်သိုင်းလာသည်။ လင်းထက် လုပ်ငန်းခွင်တွင် တစ်ခါမှ ယခုလို အသိမလွတ်ခဲ့ဖူးပါ။ မလွတ်သင့်သည့်အချိန်တွင် လွတ်ခဲ့မိသည်မို့ လင်းထက်၌ အပြစ်ရှိကြောင်း သိပါသည်။ သို့သော် ယခုလို အော်ငေါက်ဆူပူလာသောအခါတွင်လည်း အလွန်ပင် ရှက်ရွံ့ပူထူမိသည်။ မသိမသာ၊ သိသိသာသာကြည့်လာကြသူများကြောင့် တစ်ကိုယ်လုံးတုန်ယင်လာသည်။ ငိုမိမှာစိုး၍ အံကိုတင်းတင်းကြိတ်၍ ထိန်းရင်း မေးကြောများက ထောင်လာသည်။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Tahanan ng mga kuwento. Tumuklas ngayon