Chapter - 13

4.5K 487 11
                                    


Chapter - 13

.
.
.
.
.
ရှောင်းကျန့် အိမ်ထဲ ဝင်လာတော့ ဧည့်ခန်းမှာ ထိုင်နေတဲ့ ရှောင်းမားနဲ့ ဝမ်ပါပါး ။

အခုဆို အချို့ လုပ်ငန်းကိစ္စတွေကို ဝမ်ရိပေါ်ကို လက်လွဲပီး ဝမ်ပါးက မဖြစ်မနေ နေ့ရက်တွေမှာသာ ကုမ္ပဏီရောက်လာတက်တယ်လေ ။ အများအားဖြင့် ဝမ်လုပ်ငန်းစုရဲ့ ဆက်ခံသူလေး ဝမ်ရိပေါ်ရဲ့ ဆုံးဖြတ်ချက်ပေါ့ ။ ဒီနေ့လည်း ဝမ်ရိပေါ်က ကုမ္ပဏီမှ  အစောကြီး ပြန်သွားပြီး ရှောင်းကျန့်ကို နောက်တစ်ခါ ကားနဲ့ အကြို လွတ်တယ်လေ ။ ဝမ်ပါးက ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ကို ကိုယ်တိုင် ကားမမောင်းစေဘူး ။ အိမ်မှာ ကား ၃စီးရှိပေမယ့် ကုမ္ပဏီသွား ကုမ္ပဏီပြန်ကို နှစ်ယောက် တစ်စီး ဒါရိုင်ဘာနဲ့ သွားစေခဲ့တယ် ။ ဒါဟာ ဝမ်ပါးက ကပ်စေးနဲတာမဟုတ်ဖူး တစ်ကားတည်း အလုပ်သွား အလုပ်ပြန်ရင်း ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်ကို ပိုပြီး ရင်းနှီးအောင်လို့ ။ ဒီနေ့တော့ တစ်မူထူးခြားစွာ ဝမ်ရိပေါ်က သူ့ကို ထားပြီး ကုမ္ပဏီက အရင်ပြန်သွားလို့ ရှောင်းကျန့် တစ်ယောက်တည်း ပြန်လာခဲ့ရတယ်လေ ။

" သားရှောင်း ပြန်လာပြီလား "

" ဟုတ်ကဲ့ မာမား ၊ ပါပါး "

" အေးအေး နားတော့ သားရှောင်း ။ သားညီလေးကတော့ ဒီနေ့ အိမ်အပြန် မိုးချုပ်မယ်ထင်တယ် ။ စောင့်မနေနဲ့တော့ "

ဝမ်ပါးရဲ့ စကားကြောင့် အနည်းငယ် ထူးဆန်းသွားတဲ့ ရှောင်းကျန့် ။ ဝမ်ရိပေါ်က အိမ်ကို အစောပြန်ပြီး အိမ်မှာ မရှိဘူးတဲ့လား ။

" ပါပါး ဝမ်ရိပေါ်က ဘယ်သွားလို့လည်း "

ရှောင်းကျန့် စကားကြောင့် ရှောင်းကျန့်ကို အံ့သြစွာကြည့်လာတဲ့ ဝမ်ပါး ။

" ဟေ့ သားရှောင်းကို ရိပေါ်က မပြောပြဘူးလား ။ သူဘယ်သွားတယ်ဆိုတာ "

ရှောင်းကျန့် ခေါင်းလေးခါပြတယ် ။ ရိပေါ်က သူ့ကို အလုပ် ကိစ္စကလွဲပီး ဘာမှ သိပ်မပြောဘူး ။

" အော် သားငယ်ကတော့ကွာ ။ ညီအကိုချင်း လျှို့ဝှက်နေသေးတယ်.... နောက်မသိမှာ ကြနေတာပဲ.... ဟား....ဟား....ဟား...."

အမုန်းတရားကိုကျော်လွန်၍  💜 ( Completed )Where stories live. Discover now