Never click suspicious links
Reminder: Wattpad will never ask for passwords, payment information, or other sensitive account security details.

Minimal Warm

352 39 33
                                        

Unicode
*********

ထပ်ပြီး နိုးလာပြန်ပြီ... ညက ညဥ့်နက်မှအိပ်ပေမယ့်လို့ မနက်ကတော့အစောကြီးနိုးနေပြန်ပြီ.. ရာသီဥတု အအေးဒဏ်ကြောင့် ဟိုဘက်လှိမ့် ဒီဘက်လှိမ့် မထချင်သေးပေမယ့် အလိုက်မသိတဲ့ မျက်လုံးက ပြူးနေတာမို့ မထချင်ပေမယ့်လည်း ထလိုက်တော့သည်။

ဒီနေ့နဲ့ဆိုရင် တစ်ပတ်ပြည့်ပြီ။ အဲ့နေ့က စပြီးမတွေ့ရတော့တာ... သူရော အဆင်ပြေနေပါ့မလား။ ငါမှားသွားပြီထင်တယ်။ မနက် မျက်လုံးနှစ်လုံးပွင့်ထဲက သူ့အကြောင်းပဲ ဆက်တိုက်တွေးနေမိတဲ့ ကိုယ့်ကိုယ်ကို ထုသတ်ချင်လာသည်။

"အား...... စိတ်ရှုပ်လိုက်တာ ဒီအခြေအနေဖြစ်အောင် မင်းဖန်တီးလိုက်တာလေ အရူး Park Chan Yeolရဲ့"

စိတ်ရှုပ်စွာ ဆံပင်တွေဆွဲဖွပြီး တစ်နေ့တာအလုပ်စတင်ရန် ပြင်လိုက်သည်။

ထုံးစံအတိုင်း ရပ်ကွက်တစ်ပတ် ပတ်ပြေးရင်း တစ်နေရာအရောက်မှာ တစ်ခုခုလိုနေသလို  ဟုတ်တာပေါ့ ပန်းခြံထဲက လွတ်နေတဲ့ ခုံလေးဆီ အကြည့်ပို့မိလေသည်။ ခါတိုင်းဆို လေ့ကျင့်ခန်း အတူလုပ်ဖို့ သူကတော့ စောင့်နေကြမလား။ အခုသူမရှိတဲ့ ခုံအလွတ်ကိုပဲ သတိလွတ်စွာ ငေးကြည့်နေမိပြန်သည်။ 

မျက်စိထောင့်ကနေ လှစ်ခနဲတွေ့လိုက်ရတဲ့အရိပ်လေး... သေချာတယ် သူ့ပုံရိပ်ဆိုတာ အနောက်ကနေ အလျင်အမြန်လိုက်တော့ သူ့ပုံစံကောင်လေးတစ်ယောက် ဒါပေမယ့်.....ဟက် ....သူမှမဟုတ်တာ။ မင်းတကယ် ရူးနေပြီ Park Chanyeolရ...

မနက်စောစောစီးစီး ထိုင်းမှိုင်းနေတဲ့စိတ်ကြောင့်  အိမ်ပြန်ဖို့သာ ဆုံးဖြတ်လိုက်သည်။ မနက်ခင်းအစထဲက သူနဲ့ပတ်သက်တဲ့အတွေးပဲ ဆက်တိုင်းတွေးနေမိတာ ခဏလောက်တော့ ရပ်ထားလို့ရရင် ရပ်ထားချင်လိုက်တာ..

တစ်နေ့တာ လုပ်ငန်းလုပ်ဆောင်ဖို့ Companyကိုရောက်ပြန်တော့ ခွင့်ယူထားတဲ့နေရာလေးကလစ်လပ်နေတုန်း.. တစ်ပတ်..တကယ်တစ်ပတ်ရှိပြီ....2021 မှာရူးစေချင်ပုံရတယ် ကောင်လေးရယ် မင်းပျောက်ချက်သား ကောင်းနေတုန်းပဲလားကွာ...

Happy New Yearညက ရီဝေဝေမျက်လုံးတွေကို သူ့ကို အရဲစွန့် ဖွင့်ပြောခဲ့တဲ့ ကောင်လေးရဲ့မျက်နှာနီနီကို အခုထိမမေ့နိုင်သေးပါ။ အဲ့နေ့ညက ငြင်းလိုက်တဲ့သူ့ကိုယ်သူကို နောင်တရလို့မဆုံးဘူး။ ချစ်နေတာကို ဘာလို့နောက်ကျမှသိရတာလဲ။ ငြင်းလို့များ မုန်းသွားပြီလား အတွေးထဲ နစ်မြောနေဆဲသာ...

Minimal WarmStories to obsess over. Discover now