ဤမျှသာ(essay)

Começar do início
                                    

လမ်းမထက်မှာ ရပ်ထားခဲ့တဲ့ ဆိုင်ကယ်ကိုလှမ်းမြင်ရတယ်။ ဓာတ်ပုံလာရိုက်နေကြတဲ့ မိန်းကလေးတွေရဲ့ အသံတစာစာကိုလည်း အဆက်မပြတ်ဖြတ်သွားနေတဲ့ ဆိုင်ကယ်သံတွေကြား တချက်တချက်ကြားရတယ်။ မျက်စိရှေ့က ကြည်စိမ်းနေတဲ့ ရေသွယ်မြောင်းလေးမှာ ငါးပွက်ရာလေးတွေလည်း တွေ့လိုက်ရသေးတယ်။ စိတ်အထင်ကြောင့် မျက်စိကိုရွေ့ကြည့်တော့ ရေပြင်ထက်ဆီမှာ
သူမနဲ့ အကြည့်ချင်းဆုံကုန်တယ်။ တိုးတိုက်လာတဲ့ လေကြောင့် သူမထမိန်တောင် တဖျတ်ဖျတ်မည်ဟည်းလို့။ တစ်ခဏလေးအတွင်းမှာကို သူမဟာ ဖြိုးခနဲ ဖျတ်ခနဲ မျက်နှာလွှဲသွားပြန်တယ်။

ငါ...သိပ်ပင်ပန်းတယ်ဆိုပြီး ပုခုံးထက်ကို သူမဟာ မှီနွဲ့။ လက်မောင်းကို ဖက်တွယ်ရင်းနဲ့ပဲ ကိုယ့်လက်ဖဝါးတွေကို ခပ်ကြပ်ကြပ်ဆုပ်ကိုင်နေသေးတယ်။ မထွက်သွားဖို့ တောင်းပန်နေသလို၊ ကျောခိုင်းလိုက်မှာ စိုးရိမ်နေသလို။ ဒီညနေမှာသူမရဲ့ အပြုအမှုတွေဟာ ကြောက်စရာ‌ေကာင်းနေသလို ခံစားနေရတယ်။ သိပ်ထူးဆန်းနေတယ်နော် လို့ အမေးမကျအညည်းမက စကားအဆုံးမှာ ကိုယ့်လည်ပင်းတွေထဲ သူမဟာ မျက်နှာကို ဖွတ်ထားတယ်။ သိပ်မကြာခင်မှာပဲ ကိုယ့်လည်ပင်းဟာ မျက်ရည်တွေနဲ့ ရွဲစိုလို့...။

ငါ....တောင်းပန်ပါတယ်ဟာ။

ကောင်းကင်ကို ဒီတစ်သက်မမြင်ချင်‌တော့တဲ့သူလို
ခေါင်းတွေငိုက်စိုက်ကျရင်း စိတ်ထဲမှာ စကားတစ်ချို့ကို ရှာဖွေနေခဲ့တယ်။ ပြောလိုက်စမ်းပါ ဒီစကားကြားရဖို့ နှစ်ရှည်လများစောင့်နေခဲ့တာ မဟုတ်ဘူးလို့...။

သူမဟာ လက်ကို ပိုပြီးမှ ခပ်တင်းတင်းဆုပ်ကိုင်ပြန်တယ်။ ကိုယ့်ခေါင်းကို အခြားလက်တစ်ဖက်နဲ့ မတင်နိုင်ဖို့ ကြိုးစားတယ်။ ငါ့ဘဝရဲ့ အရေးပါဆုံးသူဖြစ်နေပြီပဲ။ အရှင်းသန့်ဆုံးနဲ့ အမြင့်မြတ်ဆုံးမေတ္တာ‌ကို နင်ပိုင်ဆိုင်နေပါပြီတဲ့။ မျက်နှာကို ဟိုးတစ်ဖက်ပို့လိုက်တယ်။ ရင်ထဲမှာ နာတယ်။ အဲ့ဒီသောက်ရေးမပါတဲ့ မေတ္တာကို ငါကဘာလုပ်ရမှာလဲလို့ မေးပစ်ချင်ပေမယ့် သူမရဲ့ ငိုသံသဲ့သဲ့တွေမှာ အသံကနှစ်မြုပ်သွားရော။

ဤမျှသာ (Essay)Onde histórias criam vida. Descubra agora