ဒီကိစ္စကို အဖေ့ကိုပါ ဆန်း တင်ပြခဲ့သည်။ ဒါလည်း ယောက္ခမဖြစ်သူက သူ့အစီအစဉ်ကို လက်မခံပေ။ မိုင်းပြောတဲ့ အစီအစဉ်ကိုသာ အတည်ပြုလိုက်သည်။ ဘယ်လောက် စိတ်ရှုပ်ဖို့ ကောင်းလိုက်သလဲ။

"ငါ့အသိုင်းအဝိုင်း ငါ့အဖေရဲ့ အရှိန်အဝါတစ်ခု ဒါတွေက သာမန်ပွဲလောက်လေးနဲ့ ပြီးသွားလို့ မရတဲ့ အတိုင်းအတာတွေ ရှိတယ် ဆန်းရဲ့ ..."

ဆန်း လက်‌ကောက်ဝတ်ကို လှမ်းကိုင်ရင်း ပြောလိုက်တဲ့ မိုင်း။ ဆန်းက အထိမခံဘဲ လက်ကိုရှောင်လိုက်သည်။

"ငါ မင်းကို ချစ်လို့ ဒီအသိုင်းအဝိုင်းထဲကို ခြေစုံပစ်ဝင်လိုက်တာ ...မင်းကိုဘဲ ချစ်တာ မင်းအသိုင်းအဝိုင်းကို ငါမချစ်ဘူး ...ဒီလို ပြည့်ပြည့်စုံစုံ နေနေရလို့ ငါပျော်နေမယ်လို့ မင်းမထင်နဲ့ မိုင်း ..."

ဆန်းက ဒါပဲပြောပြီး ထွက်သွားသည်။ မိုင်း သူ့အနောက်ကနေ ခြေလှမ်းကျဲကျဲတွေနဲ့ လိုက်ရပြန်သည်။ မိုင်းမျက်နှာဟာ စိတ်ဆိုးနေတဲ့ ချစ်ရသူကို လိုက်ချော့နေရသည် ဆိုပေမယ့် ကြည်နူးပြုံးပျော်နေတဲ့ အမူအရာတွေကို မြင်နေရသည်။
ဒါက ဘယ်လို အနေအထားမျိုးကြီးလဲ။

"ဆန်း ..."

" ... ... ... "

"ဆန်းလေး ..."

" ... ... ... "

"သဏ္ဍာန်ဆန်း ..."

" ... ... ... "

သဏ္ဍာန်ဆန်းက လုံးဝပြန်မထူးဘဲ သွားမြဲသွားဆဲ။ မိုင်းကလည်း ခေါ်နည်းပေါင်းစုံနဲ့ ဆက်တိုက်ခေါ်ပြီး လိုက်မြဲလိုက်ဆဲ။ companyထဲကနေ အပြင်ရောက်တဲ့အထိပင်။ အလုပ်ထဲက ဝန်ထမ်းတွေ ဖြတ်သွား ဖြစ်လာ သူတို့နှစ်ယောက်ကို ကြည့်သွားကြသေးသည်။ ဒါလည်း ဂရုမစိုက်နိုင်။

"တော်တော် စိတ်ပျက်ဖို့ ကောင်းတဲ့ကောင် ..."

ကားပါကင်မှာ ရပ်ထားတဲ့ ဆန်းရဲ့ ကားထဲကို မဝင်ခင် အနောက်မှ လိုက်လာတဲ့ မိုင်းကို လှည့်ကြည့်ပြီး ဆန်းက ပြောလိုက်တာပါ။

"အဲ့ဒီ့ကောင်ကို မင်းပဲ ချစ်ခဲ့တာ မဟုတ်လား ..."

"မင်းအရင် လာကြိုက်တာလေ ...ငါအရင် လာကြိုက်မိလို့လား ..."

သဏ္ဍာန်ဆန်းWhere stories live. Discover now