P_29 (U)

35.4K 4.6K 64
                                    

သတိရခြင်းဟာ လွမ်းခြင်းတမျိုးပဲတဲ့ ...။
သူတို့ပြောတာ မှန်နေမလားပဲ ...။
ငါမင်းကို ... ငါမင်းကို သတိရနေမိတယ်လေ...။

****  *****  *****  *****  *****

မိုင်းရဲ့ အိမ်တော်ကို သူငယ်ချင်း သုံးယောက်လုံး ရောက်လာကြရသည်။ ဒီနေ့ မိုင်းက ကျောင်းမလာပေ။ ဆန်းကို မေးကြည့်တော့လည်း မနေ့ညက လာအိပ်သွားပြီး မနက်ကျတော့ သူမနိုးခင်ထဲက ပြန်သွားသည်တဲ့။ ပြီးတော့ သူဒီရက်ပိုင်း အိမ်ပြန်နေဦးမယ်လို့ ဆန်းကို မက်ဆေ့ပို့သွားသေးသည်။

"သူ့အဖေနဲ့ စကားများထားတာတဲ့ ...မနေ့ညက အရက်တွေလည်း သောက်လာသေးတယ် ...မင်းတို့မသိကြဘူးလား ...ငါက မင်းတို့အုပ်စုထဲက တစ်ယောက်ယောက်နဲ့ သွားသောက်တယ် ထင်နေတာ ..."

"ငါတို့နဲ့ မဟုတ်ဘူး သူတစ်ယောက်ထဲပဲ ဖြစ်မယ် ...သူစိမ်းတွေနဲ့တော့ မိုင်းက အရက်အတူ မသောက်တတ်ဘူး ..."

"ကျောင်းလည်းမလာဘူးဆိုတော့ သူ့အဖေနဲ့ ကေ့စ်က ကြီးမယ်ထင်တယ် ..."

"မင်း သူ့ကို ဖုန်းမဆက်ကြည့်ဘူးလား ဆန်း ..."

"မဆက်ရသေးဘူး ငါမအားသေးလို့ ..."

ဆန်းဆီကနေ တုံ့ပြန်လာမှုက ဒီမျှသာ။ သူတို့အုပ်စုရဲ့ group chat ထဲမှာလည်း ဆန်းရှိနေပါသည်။ အကုန်လုံး စာဝင်ပို့ကြည့်ပေမယ့် မိုင်းဆီကနေ အဖြေက မလာခဲ့။
နောက်တော့မှ မိုင်းက ဖုန်းဆက်ပြီး သူ့အိမ်မှာ လာတွေ့ဖို့ကို ပြောလာလေသည်။ ဆန်းကိုပါ ခေါ်လာမယ်လို့ ပြောပေမယ့်လည်း မိုင်းက လက်မခံပေ။ အစက သုံးယောက်လုံး နားမလည်ခဲ့ပါ။ အဖြေကို ဒီအိမ်ရောက်မှ နားလည်သွားရပါတော့သည်။

"ဒါဆို မင်းက သဏ္ဍာန်ဆန်းကို ဘာမှမပြောပြတော့ဘူးပေါ့ ..."

"အခုချိန်မှာတော့ ပြောပြဖို့ မဖြစ်နိုင်သေးဘူးလေ ..."

သူ့ဖခင်ဆီကနေ ဆန်းနဲ့ပတ်သက်ပြီး ကန့်သတ်ခံလိုက်ရတဲ့ ပြဿနာတွေကို သူငယ်ချင်းတွေကိုတော့ သူပြန်ပြောပြ ဖြစ်ပါ၏။

"မင်းက သူ့ကို အကျိုးအကြောင်းတော့ ရှင်းပြသင့်တယ် မဟုတ်လား ..."

"အေးလေ မိုင်း ...နင့်အဖေဆီကနေ ဒီလိုခြိမ်းခြောက်မှုတွေ ရှိနေလို့ ဆိုတဲ့အကြောင်း ဆန်းကို ရှင်းပြပါဦးလား ..."

သဏ္ဍာန်ဆန်းWhere stories live. Discover now