လင်းရဝေစကားကို ဆန်းက ခေါင်းခါပြလိုက်ပြီး ...

"အဲ့ဒါတွေ ငါမသိဘူး ...ဂရုလည်းမစိုက်ဘူး ...ငါ့အပေါ် ကောင်းတဲ့သူမို့လို့ ငါတွဲနေတာ... ဒီလောက်ပဲ ...သူငါ့ကို မျှော်လင့်နေတယ်ဆိုရင်လည်း ငါစိတ်ဝင်စားလာတဲ့ တစ်နေ့ကျရင် သူ့ကို ပြန်လက်ခံချင် လက်ခံဖြစ်မှာပေါ့ ..."

"သဏ္ဍာန်ဆန်း မင်း အဲ့လိုလုပ်လို့မရဘူးလေ ..."

"ဘာလို့ လုပ်လို့မရသလဲ ...ငါ့ခံစားချက်တွေက ငါ့အပိုင်ပဲ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပေးခွင့်ရှိတယ် ..."

ဆန်းက တမင်ဒီစကားတွေကို ပြောခဲ့သည်။ မိုင်းရဲ့ နားတွေဟာ ဒီသုံးယောက်ပဲ မဟုတ်လား။ သူ့ကို စောင့်ကြည့်ဖို့ လွှတ်ထားတဲ့ သူတွေပဲလေ။

"နင့်ကိုယ်နင် လိမ်မနေနဲ့ ဆန်း... နင် မိုင်းကို ချစ်နေပြီဆိုတာ ငါတို့အားလုံးသိတယ် ..."

"နင်တို့ သိပေမယ့် သူမသိဘူး ...သူမသိလို့ ငါ့ကို ဒီလိုပစ်ထားတာပေါ့ ..."

ဆန်း ပြန်အော်ပြောလိုက်မိပါသည်။ သွေးအေးတတ်တဲ့လူက ဒီကိစ္စနဲ့ ပတ်သက်ရင် စိတ်ဆတ်နေခဲ့ပြီမို့။

"ငါတို့တောင်သိတာ ...သူမသိဘဲ နေမလား ဆန်းရယ် ..."

"အဲ့ဒါဆို ဘာလုပ်တာလဲ ...ငါ့ကို ကစားနေတာလား ...ငါက အဲ့ဒီ့လောက်တောင် လွယ်နေလို့လား ..."

"မဟုတ်ဘူးလေကွာ ...အခုက မိုင်းမှာ ကိစ္စလေးတွေ ရှိနေလို့ပါ ..."

"ဘာကိစ္စလဲ ...ဘာကိစ္စပဲဖြစ်ဖြစ် ငါ့ကို အသိပေးသင့်တယ် မဟုတ်ဘူးလား ...ပြောတော့ ချစ်တယ်ဆို ဘာချစ်တာလဲ ..."

"ချစ်လို့ မင်းကို မပြော ..."

ကောင်းသစ်လွင် စကားက တဝက်နဲ့တင် ရပ်သွားခဲ့ပြီး ...

"ဒီကိစ္စက မိုင်းပဲ တိတိကျကျ ဖြေရှင်းပြနိုင်လိမ့်မယ် ...ငါတို့က ကြားကနေ ဝင်ဖြေလို့ မရဘူး ဆန်း ..."

"မျက်နှာချင်းဆိုင် တွေ့ဖို့တောင် ခက်ခဲနေတဲ့ သူဆီကနေ ဘယ်ဖြေရှင်းချက်ကို ငါက မျှော်နေရဦးမှာလဲ ..."

"မိုင်းက မင်းကို သိပ်ချစ်တယ် သူဘယ်တော့မှ မင်းကိုလက်လွှတ်မှာ မဟုတ်ဘူး ငါတို့ပြောနိုင်တာက ဒီလောက်ပဲ ...ပြီးတော့ သုတဟန်နဲ့ မင်းသိပ်မတွဲပါနဲ့ ဆန်း ...မိုင်းသိရင် ဘာတွေ ဖြစ်မလဲဆိုတာ မင်းမသိလို့လား ..."

သဏ္ဍာန်ဆန်းWhere stories live. Discover now