"ငါမင်းအတွက် သတင်းကောင်းယူလာတယ် ..."

"ဘာလဲ ..."

"မင်းအတွက် အလုပ်ရော နေစရာ နေရာရော ရမယ်ဆို စိတ်ဝင်စားလား ..."

"ဘာအလုပ်လဲ ..."

"အပန်းဖြေအိမ်ယာ တစ်ခုမှာ အိမ်ထိန်းသိမ်းပေးတဲ့ သဘောမျိုး နေပေးရမှာကွ ...တနေကုန်ရှိပြီး အလုပ် လုပ်စရာမလိုဘူး ...
မင်းကျောင်းက ပြန်လာတော့မှ အိမ်သန့်ရှင်းရေးနဲ့ အိမ်ကို ထိန်းသိမ်းတဲ့ တာဝန် ဒီလောက်ပဲ လုပ်ပေးရမှာ ..."

"အိမ်ပိုင်ရှင်တွေကရော အဲ့မှာ မနေကြဘူးလား ..."

"အေး မရှိဘူးတဲ့ ...တစ်ပတ် တခါပဲ သူတို့က လာကြတာတဲ့ ...လာလည်း အနည်းဆုံး နာရီပိုင်းပဲ နေကြတာ ...အကြာဆုံးကတော့ တစ်ည တလေပဲ အိပ်ကြတာတဲ့ ..."

"မင်းက အဲ့အလုပ်ကို ဘယ်က သိလာတာလဲ ..."

"ငါ့သူငယ်ချင်းရဲ့ အသိတစ်ယောက် အိမ်ပါ ..."

ကြည်သာ့မှာ တစ်ချက်တော့ မလုံမလဲ ဖြစ်နေတဲ့ အမူအရာ ရှိနေပါသည်။ ဒါကို ဆန်းက မရိပ်မိပေ။ စိတ်ရှုပ်နေတာမို့ အာရုံမစိုက်မိတာလည်း ဖြစ်နိုင်ပါ၏။

"သူတို့က အိမ်ထိန်းသိမ်းဖို့ လူလိုနေတယ်ဆိုလို့ ငါလည်း မင်းအတွက် မေးလာခဲ့ပေးတာ ...ပြီးတော့ မင်းရမယ့် ပိုက်ဆံက အချိန်ပိုင်းကြေး မဟုတ်ဘူးနော် လစာနဲ့ ..."

"ဘာ လစာနဲ့ ..."

သဏ္ဍာန်ဆန်းပုံစံက အတော်လေး စိတ်ဝင်စားသွားတဲ့ပုံပါ။ ကျောင်းတက်နေရတဲ့ သူ့အတွက် အချိန်ပိုင်းမဟုတ်တဲ့ လစာကို ရမယ့်အပြင် နေစရာ နေရာပါ အဆင်သင့်။ ဒီလိုအလုပ်ကို ဘယ်သူက သဘောမကျဘဲ နေမလဲ။

"အေး ..."

"လစာကရော ဘယ်လောက်လဲ ..."

"(....)သိန်း "

လစာက အရမ်းကြီး မြင့်မားလွန်း နေတာမျိုးလည်းမဟုတ်။ အရမ်းကြီး နည်းနေတာမျိုးလည်း မဟုတ်။ ပုံမှန်ထက်တော့ မက်လောက်စရာ လစာတစ်ခုပင်။

"နေစရာရော ဒီလောက်လစာရော ဆိုရင် တော်တော်လေးကို မဆင်ပြေနေပြီ ...ဒါတောင် လုပ်မယ့်သူ မရှိလို့ လူရှာနေတာတဲ့လား ...မင်းဟာက ဟုတ်ရော ဟုတ်ရဲ့လား ..."

သဏ္ဍာန်ဆန်းWhere stories live. Discover now