086

345 19 0
                                    

ကိုယ်ကမင်းဂီတာတီးနေတဲ့
ပုံစံလေးကိုသဘောကျတယ်
မင်းဘတ်စကတ်ဘောကစားနေတဲ့
ပုံစံလေးကိုသဘောကျတယ်
မင်းအပြုံးလေးကိုသဘောကျတယ်
ရယ်လို့ပေါ်လာတဲ့
မင်းသွားညီညီလေးတွေကိုသဘောကျတယ်
အဝေးကပျံ့လွင့်လာတဲ့ မင်းရယ်သံသဲ့သဲ့လေးကို
ကိုယ့်မှာ အိတ်ထဲကောက်ကောက်ထည့်တာ
မင်းမျက်ခုံးထူထူလေးထဲ ခိုဝင်ဖူးချင်တာ
ကိုယ်ကမင်းကို ချစ်တာထက် မြတ်နိုးတာ
မင်းဘာလုပ်လုပ်လိုက်ခံစားနေမိတာ။

နေပူတာ မိုးရွာတာထက်
မင်းရယ်နေရင် ရာသီဥတုက ကိုယ့်ဘက်ပဲ
မင်းမျက်ဝန်းအိမ်ထဲ ဝမ်းနည်းရိပ်လေးဖြတ်ပြေးတော့
ကိုယ်က ရင်တွေနာရော။

ချစ်ခြင်းမေတ္တာကို မင်းသိပါ့မလား
ကိုယ်ကတော့ မင်းကိုသိတယ်
မင်းကအရာရာပါ
မင်းကအရာရာဖြစ်ကြောင်း
တနေ့နေ့တော့ မင်းအနားနားကပ်ပြီး
ပြောပြချင်ပါရဲ့ ။     ။

- Meldian -

*****

ကိုယ္ကမင္းဂီတာတီးေနတဲ့
ပုံစံေလးကိုသေဘာက်တယ္
မင္းဘတ္စကတ္ေဘာကစားေနတဲ့
ပုံစံေလးကိုသေဘာက်တယ္
မင္းအၿပဳံးေလးကိုသေဘာက်တယ္
ရယ္လို႔ေပၚလာတဲ့
မင္းသြားညီညီေလးေတြကိုသေဘာက်တယ္
အေဝးကပ်ံ့လြင့္လာတဲ့ မင္းရယ္သံသဲ့သဲ့ေလးကို
ကိုယ့္မွာ အိတ္ထဲေကာက္ေကာက္ထည့္တာ
မင္းမ်က္ခုံးထူထူေလးထဲ ခိုဝင္ဖူးခ်င္တာ
ကိုယ္ကမင္းကို ခ်စ္တာထက္ ျမတ္နိုးတာ
မင္းဘာလုပ္လုပ္လိုက္ခံစားေနမိတာ။

ေနပူတာ မိုး႐ြာတာထက္
မင္းရယ္ေနရင္ ရာသီဥတုက ကိုယ့္ဘက္ပဲ
မင္းမ်က္ဝန္းအိမ္ထဲ ဝမ္းနည္းရိပ္ေလးျဖတ္ေျပးေတာ့
ကိုယ္က ရင္ေတြနာေရာ။

ခ်စ္ျခင္းေမတၱာကို မင္းသိပါ့မလား
ကိုယ္ကေတာ့ မင္းကိုသိတယ္
မင္းကအရာရာပါ
မင္းကအရာရာျဖစ္ေၾကာင္း
တေန႕ေန႕ေတာ့ မင္းအနားနားကပ္ၿပီး
ေျပာျပခ်င္ပါရဲ႕ ။     ။

- Meldian -

ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာWhere stories live. Discover now