Chapter 17 ( Final )

Mulai dari awal
                                    

ရုတ်တရက်ကြီးရောက်ချလာလို့ ဝမ်းလည်းသာသလို့ မျက်ရည်ကလည်း ချက်ချင်းဝဲတက်လာလိုက်တာများ

" ကင်မ်ဆောနူ မင်း.."

ဘာစကားမှဆက်မပြောနိုင်တုန်း
ဆိုဖာပေါ်ကနေ ထလာပြီး ဆောနူက လာဖက်သည် ။

" သတိရနေတာ ဟေ့ကောင် "

" ဟျောင်း အဲ့တာ ဟိုတစ်ခါရည်းစားယောင်‌‌
‌ေဆာင်ပေးတဲ့အကိုမလား "

နောက်ကနေထွက်လာတဲ့ အသေးလေးရဲ့စကားက ဆောင်းဟွန်းကိုငိုချင်ရက်လက်တို့ဖြစ်‌
‌ေအာင်လုပ်နေသလိုပင်

ထိုအချိန်ပဲ နောက်ကနေ ဂျောင်ဝန်းတစ်ကောင်ရဲ့အသံထွက်လာပါရဲ့

" ပတ်ဆောင်းဟွန်းအရှက်ကွဲခန်း ပြန်စပြီ "

" ငါလုပ်ထည့်လိုက်ရ "

~||~

" အဲ့တော့ အကုန်ပြန်အဆင်ပြေသွားတဲ့အပြင်
ဂျပန်ကသူငယ်ချင်းကလည်း ရုတ်တရက်ချည်းရောက်ချလာတယ်ပေါ့ "

" အင်း ဒါနဲ့လေ ဟိုဆယ့်ငါးနှစ်သားလေးက
လူကြီးလိုပဲ ငါ့ခွေးပေါက်လေးကကျ ရင်ခွင်ပိုက်ကလေးကျနေရော "

စပါဂတီကို ပလုတ်ပလောင်းသွပ်စားနေတဲ့
သူ့ရည်းစားဟာ ထထဖောက်ရင် လူကို သူ့သားလိုလာလုပ်တော့တာပါပဲ ။

ပလုတ်ပလောင်းသွပ်စားတယ်ဆိုတာကလည်း
အိမ်မှာမို့ပါ ။ အပြင်မှာဆို မစားရဲပါဘူး ။

သူ့အိမ်ကိုတကူးတက စပါဂတီလာလုပ်ကျွေးနေရတယ်ဆိုတာက အိမ်ကလူတွေ နှစ်ညအိပ်သုံးရက်ခရီးသွားတာကို မလိုက်ပဲနေခဲ့ပြီးပျင်းနေလို့ပါတဲ့

" နေပါအုံး ငါကမင်းရည်းစားလား မင်းရဲ့သားလား မင်းရဲ့ခွေးလား "

" တစ်ခုမှမဟုတ်ဘူး"

" အဲ့တာဆိုဘာလည်း "

" ငါ့ဘဝကြီးလေ ဟီးဟီး "

" ပတ်ဆောင်းဟွန်း မင်းကွာ "

ပါးစပ်နားမှာပေနေတဲ့ ဟင်းအနှစ်တွေကို မျက်နှာချင်းဆိုင်ခုံကနေလှမ်းသုတ်ပေးတော့
နှုတ်ခမ်းကြီးကိုထိုးပေးသည် ။

ပြောပါတယ် ။ လူကြီးဆန်တယ်ထင်ရပေမယ့်
တစ်ခါတစ်ခါထဖောက်ရင် ငါးနှစ်သားပါပဲ ။

SUPPORT SYSTEM FOR LIFE [SUNGJAKE]✓Tempat cerita menjadi hidup. Temukan sekarang