Chapter 10.2(End)

4K 729 5
                                    

Zawgyi

ဖြစ်ပျက်ခဲ့တာတွေကအသေးစားလေးဆိုပေမဲ့ထိုသူတွေနဲ့မထင်မှတ်ဘဲပြန်ဆုံခဲ့ရင်သူ့ကိုအန္တရာယ်ပေးမှာတော့ChengYangအနည်းငယ်စိုးရိမ်မိတယ်။
သို့သော်သူတို့အမြင်မှာသူ(CY)ဟာSheYanရဲ့အချစ်တော်လေးလို့ ထင်သွားကြလောက်သည်။
သူတို့နှစ်ယောက်ကအခုတစ်ခန်းထဲတစ်ကုတင်တည်းတောင်အိပ်နေတဲ့သူတွေမလား။ကုတင်ပေါ်တင်မကဘူး ဧည့်ခန်းထဲကဆိုဖာပေါ်ရော ရေချိုးခန်းထဲမှာပါသူတို့အချစ်တွေဖော်ကျူးခဲ့ကြသည်။

ကိုယ်သဘောကျတဲ့သူနဲ့ပျော်ရွင်စွာဖြတ်သန်းတော့အချိန်တွေကမြန်မြန်ကုန်လွယ်လိုက်တာ။ဘာလိုလိုနဲ့မနက်ဖြန်ဆိုဒီခရီးစဉ်ရဲ့နောက်ဆုံး
နေ့ တောင်ရောက်လာပြီဘဲ။

နေ့လယ်နှစ်နာရီမှာသင်္ဘောကဆိပ်ကမ်းကိုကပ်တော့မယ်။မနက်စာစားပြီးကတည်းကChengYang
သူ့ အဝတ်အိတ်ကိုထုပ်ပိုးထားပြီးဖြစ်သည်။SheYanရဲ့အဝတ်အိတ်ကိုတော့လက်ထောက်ကပြင်ဆင်သည်။ဒီရက်ပိုင်းအတွင်းChengYang
နဲ့ SheYanလက်ထောက်တောင်ရင်းနှီးနေခဲ့ကြပြီ။လက်ထောက်ကဖြစ်သမျှအကြောင်းတွေအကုန်သိတဲ့သူမို့လို့ChengYangကိုတခြားသူတွေမြင်သလိုမမြင်ပေ။လက်ထောက်ကသူကျောင်းသားဘဝတုန်းကလည်းဂိမ်းတွေဆော့ဖြစ်ကြောင်း သူအလုပ်လုပ်တဲ့နောက်
ပိုင်းမချိန်မရှိတော့တဲ့အတွက်မဆော့ဖြစ်တော့တဲ့အကြောင်းစသဖြင့်ChengYangနဲ့အကြောင်းအရာတော်တော်များများပြောဖြစ်ခဲ့သည်။လက်ထောက်ရဲ့အ
ပြောအရSheYanရဲ့ေဘးမှာအရင္ကဘယ္သူမှ
မရှိဖူးဘဲChengYangကသာသူ့bossရဲ့မြင်မြင်ချင်းချစ်မိသွားတဲ့ပထမဆုံးသူဖြစ်တယ်ဟုဆိုသည်။ဒါဟာChengYangမျှော်လင့်ထားတာထက်
တောင်ပိုနေသည်။သူ့ကိုယ်သူSheYanအတွက်၇ရက်ကြာခဏတာချစ်သူအဖြစ်ခံယူထားတာမို့SheYanကိုစပြီးမမေးရဲပေ။တစ်ဖက်လူကသူ့ကိုကောင်းကောင်းဆက်ဆံပြီးဂရုစိုက်ပေမဲ့ဒီထက်ပိုမလာတဲ့အမူအယာကြောင့်လည်းပါမည်။
သူတို့ နှစ်ယောက်ရဲ့ဆက်ဆံရေးကတည်ငြိမ်ပြီး
ရှေ့ဆက်တိုးရင်တောင်ရနိုင်ရဲ့သားနဲ့SheYanကဘာလို့စမပြောလာတာလဲဆိုတာသူမသိပေ။

SheYanဘက်ကအတွေးကားထိုသို့မဟုတ်။သူထင်တာကသူနဲ့ChengYangတို့ခရီးစဉ်ပြီးသွားလည်းဒီတိုင်းလေးဆဲဆက်ရှိနေမယ်လို့တထစ်ချတွေးထားသည်။ဤကားသူတို့ နှစ်ယောက်
ကြားကနားလည်မှုလွဲမှားနေခြင်းပင်ဖြစ်သည်။

His son has a richest billionaires dad(Myanmar Translation)Where stories live. Discover now