အသိပေးချက်💕

Start from the beginning
                                    

ဒီဇာတ်လမ်းထဲမှာ စမ်းသပ်မှုတွေ ဆေးပညာတွေ သိပ္ပံပညာရှင်တွေ ပါဝင်နေတာမို့ သူတို့ရှာနေတဲ့ စိန် ၇ လုံးနေရာမှာ ဆေးဖော်စပ်တဲ့ ကြမ်းကို အစားထိုးပြင်ရေးလိုက်မှာပါ … ဒီလိုဆိုရင် ကိုယ့်ရဲ့ဇာတ်လမ်းလေးရှေ့ဆက်လို့ရသွားသလို ဟာကွက်မရှိပဲ အားလုံးပြည့်စုံသွားမယ်လို့ထင်ပါတယ် … ကဲ အပေါ်ကဖတ်ပြီးသား ဇာတ်လမ်းအကျဉ်းလေးကို ပြန်ပြောပြပါမယ် …

ရှန်ဖန်းဂူရဲ့ဖခင်ဟာ တရားမဝင်တဲ့ဟော်မုန်းဆေးထုတ်လုပ်မှုကို ဦးဆောင်နေတဲ့ သူတစ်ဦးဖြစ်ပြီး တစ်နေ့မှာ ဆယ်စုနှစ်တစ်ခုကြာတဲ့ထိပျောက်ဆုံးနေတဲ့ ဆေးကြမ်းတစ်ခုကို မှောင်ခိုဈေးကွက်ကနေ ရရှိခဲ့တယ် … အပေးအယူကိစ္စကို ရှန်ဖန်းဂူက သူယုံကြည်ရတဲ့ ရန်အာရဲ့ကလပ်မှာ လဲလှယ်ဖို့ချိန်းဆိုခဲ့တယ် … ကံဆိုးစွာနဲ့ အပေးအယူကိစ္စအောင်မြင်ပေမဲ့ ရန်သူတွေကသတင်းကြားပြီးတိုက်ခိုက်ရာကနေ ပိုင်မင်းယွီဆိုတဲ့ပစ္စည်းပို့သမားလေးရဲ့ ပုံးနဲ့လွဲမှားလာခဲ့တယ် …

ထိုဆေးကြမ်းကအရေးကြီးတာမို့ ရှန်ဖန်းဂူက ပိုင်မင်းယွီဆိုတဲ့ကောင်လေးကို ဖမ်းခေါ်စေခဲ့တယ် … ဒီလိုနဲ့ သူတို့ရဲ့ဇာတ်လမ်းလေးစတင်ခဲ့တယ် … ထိုပျောက်ဆုံးနေတဲ့ဆေးဖော်စပ်နည်းက မအောင်မြင်ရင် လွန်စွာအန္တရာယ်ကြီးတာမို့ အစိုးရကတားမြစ်ထားတဲ့အတွက် တရားမဝင်ဘူး … တရားမဝင်ဆေးနည်းကြမ်း ပေါ်ထွက်လာတော့ လူတွေလိုက်စမ်းသပ်မှာဆိုးပြီး ရဲ့အရာရှိတွေကပါ ထိုကြမ်းစာအုပ်ကို ရှာဖွေကြတယ် … အားလုံးက Lion ထံမှာရှိနေတယ်လို့ပဲ ထင်နေကြတယ် …

Ok ခုချိန်မှာ အဲ့ထိပဲဖော်ပြထားပါသေးတယ် … ဒီကိစ္စက နောက်ပိုင်းမှဆက်ပါလာမှာပါ … အဲ့ဒိဆေးဖော်စပ်နည်းရဲ့အကျိုးတွေကို နောက်ပိုင်းမှာသေချာရှင်းပြပါမယ် … စောင့်ဖတ်ပေးဖို့မျှော်လင့်ပါတယ် …  အပေါ်ပိုင်းတွေကိုလဲ ဖြေးဖြေးခြင်း ပြန်ပြင်သွားမှာမို့ နည်းနည်းတော့ ကြာလိမ့်မယ် … အကယ်၍ ပိတ်ရက်ရှည်ကြီးရခဲ့ရင် ဒီ Fic လေးကိုအဆုံးထိတင်ဖို့ စိတ်ကူးထားပါတယ် … ဒါဒါလေးတွေရဲ့ Vote တွေ Com တွေကိုမမျှော်လင့်ရဲတော့ပါဘူး … ကိုယ်ကတင်တာကြာနေတာမို့ … သဘောကျတဲ့သူဝင်ဖတ်နိုင်ပါတယ် … အဲ့ဒါတွေမရလို့မတင်တာထင်မှာဆိုးလို့ပါ … တကယ်မအားတာပါ … ဇာတ်လမ်းလေးနဲ့ ကိုယ့်ကို တကယ်ချစ်တဲ့သူတွေ ကျန်ရှိနေရင် ကျေနပ်ပါပြီ 🤗🤗🥰

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now