39

5.9K 845 39
                                    


ဘတ်ခ်ဟွန်းနိုးလာတဲ့အချိန်က စောသေးတာမို့ ဘေးမှာ
အိပ်မောကျနေတဲ့ ချန်းယောလ်ကို မနိုးဘဲ ငေးကြည့်နေမိသည်။ ဒီရက်ပိုင်း စိတ်ရော လူရော ပင်ပန်းတာမို့
ချန်းယာလ်မှာ မျက်နာလေးတောင် ချောင်ကျသွားသည်။
ချန်းယောလ်ကလွဲရင် ကိုကြီးကော မေကာ အိမ်ပြန်အိပ်ကြပြီး ကိုကြီးရုံးမသွားခင် မေ့ကို ဆေးရုံဝင်ပို့ကာ ညနေရုံးဆင်းချိန်ဆ်ို တစ်ခါထဲ ဝင်ကြိုသွားတတ်သည်။
လှုပ်ရှားမှု သိပ်မလုပ်ရသေးတဲ့ ဘတ်ခ်ဟွန်းကို ချန်းယောလ်က အစစအရာရာ ဂရုစိုက်ပြီး အနားကနေ တစ်ဖဝါးမှမခွါပဲ အရိပ်တကြည့်ကြည့်နဲ့။

မနက် ၁၀နာရီဆို သားသားလေးဆီသွားကာKangaroo careလို့ခေါ်တဲ့ skin to skin ထိတွေ့မှု တစ်နာရီခန့်သွားရသည်။ ဘတ်ခ်ဟွန်း နဲ့အတူ ချန်းယောလ်တစ်လှည့်
မေ တစ်လှည့်စီ လိုက်ဝင်ရသော်လည်း ထိတွေ့ခွင့်မရဘဲ
Hospital gowns အပြည့်အစုံဝတ်ရသည်။

Chest leads လေးတွေကပ်ထားရသေးတဲ့ သားသားဟာ
ဘတ်ခ်ဟွန်းကိုလည်း သိပုံရတယ်။ ရင်ဘတ်ပေါ်တင်လိုက်တာနဲ့ ခေါင်းလေးလှည့်ကာ ပါးနဲ့ ပွတ်သပ်တတ်သည်။ အဲ့ဒီအချိန်ဆို ဘတ်ခ်ဟွန်းထပ် ပိုဆိုးသူကတော့ ချန်းယောလ်ပဲ အသံမထွက်အောင် အံတင်းတင်းကြိတ်လို့
မျက်ရည်ကျသည်။

သားသားရဲ့ incubator မှာလည်း Welcome our new little one!စာလေးနဲ့ ရီရှင်းယူလာတဲ့
ပိုစ့်ကဒ်အပြာနုရောင်လေးလည်းချိတ်ဆွဲထားသေးသည်။
Feeding tubeထည့်ထားရတဲ့ သားသားကိုကြည့်ကာ
" အဲ့တာ အရမ်းနာလား ဘတ်ခ်ဟွန်းနီး "လို့ မေးသေးသည်။

ဒီအချိန်မှာ မိဘတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း
သေချာဂရုစိုက်ဖို့လိုကြောင်း ဒေါက်တာကြီးက ပြောထားသဖြင့် ချန်းယောလ်မှာ ဘတ်ခ်ဟွန်းဘေးကမခွါဘဲ
စကားတွေပြောလိုက် ညအိပ်ခါနီးအချိန်ဆို သီချင်းဆိုပြလိုက်နဲ့ တကယ်ကို သည်းသည်းလှုပ်ပါသည်။

ပါးပြင်တစ်ဖက်ကို ဖွဖွလေးအုပ်ကိုင်လိုက်ပြီး
သဘောကျရတဲ့ မျက်နာချောချောကို သေချာကြည့်နေမိသည်။ ကိုယ်ချစ်ရတဲ့သူ ၊ကိုယ့်လက်တွဲဖော်ဆိုတာကနေ အခု သားသားလေးရဲ့ ဖေဖေဆိုတဲ့ ရာထူးပါ ပိုသွားပြီမို့
အရင်ကထပ်ပိုပြီး ချန်းယောလ်က ပင်ပန်းရတော့မည်။

JOYOUS Where stories live. Discover now