11(U+Z)

1.9K 184 6
                                    

"သွားမယ်....ထ..."

"ဘယ်ကိုလဲ...."

"ကျနော်လိုက်ပို့မယ်...ထ..."

Taehyung က ပြောရင်းဆိုရင်း Jungkook ကို လက်မောင်းမှ ဆွဲမလိုက်တော့....

"မင်းက ဘာတွေလောနေတာလဲ...ဟိုမှာ ပစ္စည်းတွေ သိမ်းနေတုန်းလေ..."

Namjoon ၏ လေသံခက်ထန်ထန်ကို ပထမဆုံးကြားဖူးသည်မို့ jungkook အနည်းငယ် အံ့သြစွာလှမ်းကြည့်မိသည်....namjoon ၏ မျက်လုံးတွေက ဒီနေ့မှ ကြည်ကြည်လင်လင် ရှိမနေ..
ဒါသည် jungkook အတွက် ပထမဉီးဆုံး မြင်ဖူးခြင်း...

"နေပါဉီး....ခင်ဗျားက Jeon ကို ကျနော့်ထက် နှစ်အများကြီးပိုခင်တယ်ဆိုပြီး စည်းကျော်ချင်တာလား...ဟက်..."

"Tae!..."

"Kim Taehyung!..."

ပြိုင်တူထွက်လာသော အသံနှစ်သံက jungminနှင့် jungkook ဆီမှ...

ခနဲ့တဲ့တဲ့ အနေအထားနှင့် ပြောလိုက်တော့ ခပ်ပင့်ပင့် မျက်ခုံးတို့ဖြင့် namjoon က ပြန်တုန့်ပြန်သည်...သို့သော် သူဘာမှ ပြန်မပြော...

"မင်း အဲ့လိုပဲရိုင်းလား...ဟမ်...Kim Taehyung...."

ဒီတစ်ခါပြောလိုက်သူမှာ jungkook....

"ကျနော်က ခင်ဗျားကို လိုက်ပို့မယ်ပြောတာလေ...ဘာတွေ အဲ့လောက်တောင် အပြစ်မြင်နေရတာလဲ..."

"အဲ့ကိစ္စကို ငါမပြောဘူး...အခုမင်းက ငါ့စီနီယာအပေါ်ကို စကားပြောရိုင်းနေတာ...မင်း ငါ့ကို အရှက်ရစေချင်နေတာလား...ဟမ်..."

ညိုဖျော့ဖျော့ မျက်ဝန်းအဝိုင်းလေးများက ဒေါသကြောင့် ခပ်ယေးယေးလေးရဲလျက်....အသံစူးရှရှကလည်း cafe' အတွင်းမှ လူအချို့၏ အရေးစိုက်မှုကို ရယူလျက်....

ရင်ဘတ်နားက အောင့်သက်သက်ခံစားချက်ကို ဖြစ်ပေါ်စေသော ထို အသံစူးစူးက တကယ်ကို အဆိပ်ပြင်းသည်....

ခင်ဗျားက ကျနော့်ကို လူရာမသွင်းတာလား....ဒါမှမဟုတ်...

ကျနော်က လူရာမဝင်တာလား....

ရုတ်တရက် လက်ကောက်ဝတ်မှ ဆွဲချကာ ခေါ်သွားသောကြောင့် သူ့မှာ လွယ်အိတ်များ ဖိုင်များဖြင့် ဖရိုဖရဲ ပါသွားရပြန်သည်....လက်ကောက်ဝတ်သေးသေးကို ဆုပ်ကို​င်ထားသော လက်သွယ်သွယ်တို့မှာလည်း တုန်ရီနေသည်...

The Pretends Where stories live. Discover now