အပိုင်း၅၀

Start from the beginning
                                    

    လင်းသန့်မောင် လမ်းဘေးတွင် ကားကိုရပ်လိုက်ပြီး နာသွားသော မိမိပခုံးကို ကိုင်လိုက်မိသည်။ အံ့မဟော်ကတော့ ဝမ်းသာအားရဖြစ်နေဟန်နှင့်...

    "အခုမှပဲ စိတ်ထဲပေါ့သွားတော့တယ်၊ အစောကတည်းက ကိုက်ထည့်လိုက်ရမှာ" ဟု ခပ်ချေချေ ပြောသည်။ 

    "ကြည့်စမ်း... သူများကို နာအောင်လုပ်လိုက်ရလို့ ပျော်နေတယ်ပေါ့၊ မင်းက တကယ်ကို လူဆိုးလေးပဲ"

    အံ့မဟော်က ဂရုမစိုက်ဟန်ဖြင့် နေရာတွင် ကျောကိုပြန်ချသည်။

    "အား... ကျွတ် ကျွတ်... တကယ်နာတာ၊ ပေါက်သွားပြီလားတောင်မသိဘူး"

    သူထပ်ညည်းတော့မှ တရားခံက မသိချင်ယောင်ဆောင်မနေတော့ဘဲ အားနာသလို ခေါင်းစောင်း၍ ကြည့်လာ၏။ တကယ်လည်း လင်းသန့်မောင်၏ ပခုံးက အတော်လေး စူးနာနေပါသည်။

    "မှန်း... ကြည့်ရအောင်၊ နည်းနည်းအားပါသွားတယ်ထင်တယ်"

    "နေပါ... မင်း ကျေနပ်နေတာမလား"

    "ခင်ဗျားက ကျွန်တော်စိတ်ဆိုးအောင် လာလုပ်နေတာကိုး၊ ကျွန်တော်က စိတ်ဆိုးရင် အဲ့လိုပဲ၊ သူများကို နာအောင်လုပ်ရင်လုပ်၊ မလုပ်ရရင် ကိုယ့်ကိုယ်ကို နာအောင် ပြန်လုပ်လိုက်ရမှ ကျေနပ်တာ"

    လင်းသန့်မောင်သည် အံ့မဟော်စကားအား နားထဲအလုံးစုံသွင်းမနေတော့ဘဲ အင်္ကျီကြယ်သီးအား အနည်းငယ်ဖွင့်လိုက်ပြီး ပခုံးတစ်ဖက်ကိုဆွဲချကာ ဇတ်စောင်း၍ ကြည့်လိုက်သည်။ 

    ခပ်နက်နက် သွားရာအကွင်းဝိုင်းဝိုင်းတစ်ခုက သူ့ပခုံးထက်တွင် အနီရောင်အသွေးဖြင့် ခန့်ခန့်ညားညားကြီး တည်ရှိနေပါ၏။ အဝတ်ခံနေတာကြောင့် အသားတော့ ပေါက်မသွားချေ။ မပေါက်သွားသော်လည်း မပေါက်ရုံတမယ်ပါပင်။

    "နည်းတဲ့ ကိုက်ရာမဟုတ်....... ဘူး"

    သူပြောနေတုန်းမှာပင် ပခုံးထက်က ခပ်နွေးနွေး အငွေ့အသက်လေး။ လင်းသန့်မောင် အသံဝင်ကာ ငြိမ်သက်သွားမိသည်။

    အံ့မဟော်သည် နှုတ်ခမ်းကိုစု၍ အနာအား ဆေးထည့်ဟန်ဖြင့် ပခုံးက သူကိုက်လိုက်တဲ့သွားရာကို ညင်ညင်သာသာနှင့် လေမှုတ်ပေးနေသသည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now