အပိုင်း၅၀

Start from the beginning
                                    

    °°°°°°°°

    "ကဲ... မနေ့က အကြွေးကို ဒီနေ့ဆပ်ပါရစေ၊ မင်းဘယ်သွားချင်လဲ ဘာလုပ်ချင်လဲ ပြော"

    ကားကို မမောင်းသေးဘဲ လင်းသန့်မောင်သည် အံ့မဟော်ဘက်သို့ လှည့်၍ ဆိုလိုက်သည်။

    "ကျွန်တော်က ခင်ဗျားကို ဒီနေ့အလိုရှိပါတယ်လို့ ဘယ်သူပြောလဲ"

    "မလိုလည်း ငါ့အချိန်တွေကို မင်းကိုအရမ်းတွေ ပေးချင်နေတယ်၊ ပိုနေလို့မဟုတ်ဘူးနော်... မင်းမို့လို့"

    လင်းသန့်မောင်က အတည်အတန့်ပြောလိုက်သော်လည်း အံ့မဟော်က မျက်ခုံးသာပင့်ကြည့်သည်။ ဘာမှပြန်မပြော။

    "အရင်ဆုံး ဗိုက်ဆာနေလို့ တစ်ခုခုသွားစားရအောင်၊ ဒါမှမဟုတ် မင်းအိမ်ပြန်ပြီး ငါ့ကို ချက်ကျွေးမလား"

    "နိုးပါ... ခင်ဗျားကို အပင်ပန်းခံပြီး တစ်ခုခုချက်ကျွေးရလောက်အောင် အခုချိန်မှာ စေတနာရှိမနေတာ အမှန်ပဲ"

    "ဒါဆိုလည်း ဗိုက်ဆာနေလို့ ငါ့အိမ်ကို သွားရအောင်၊ အပြင်မှာ မစားချင်ဘူး... နော်"

    လင်းသန့်မောင်က အံ့မဟော်၏ သဘောတူညီချက်ကို မစောင့်တော့ဘဲ ကားကို စထွက်တော့သည်။

    "မေးရဦးမယ်... မင်း ဘယ်တုန်းက ဒီကလူတွေနဲ့ ရင်းနှီးနေတာလဲ၊ ဦးလူခင်ကပြောတယ်... ဒီရက်ထဲ မင်းဒီကို ခဏခဏရောက်တယ်ဆို"

    "တစ်ခါတလေပါ"

    "တစ်ခါတလေသာဆိုတယ် ကလေးတွေနဲ့တော့ အတော်ခင်နေပုံပဲ"

    "ဒီလိုပါပဲ"

    ပြောပြီး အသံတိတ်သွားသည့် အံ့မဟော်ကို လင်းသန့်မောင် အားမလိုအားမရဖြစ်လာသည်။

    "အံ့မဟော်... စိတ်ဆိုးက မပြေသေးဘူးလားကွာ၊ စကားလေးဘာလေး ကောင်းကောင်းပြန်ပြောပါဦး"

    "ရော်... ပြောနေတာပဲလေဗျာ"

    လင်းသန့်မောင် သက်ပြင်းတစ်ချက် ချလိုက်ပြီး ခဏအကြာ အသံထွက်၍ ပြုံးလိုက်သည်။ ဒါကိုမြင်တော့ အံ့မဟော်က ငြိမ်မနေတော့ဘဲ အမေးရှိလာ၏။

    "ဘာပြုံးတာလဲ"

    "ဪ... ဘာရယ်မဟုတ်ပါဘူး၊ စကားတစ်ခွန်းကို တွေးမိသွားလို့ပါ"

ရင်ကွဲငှက်ငယ်Where stories live. Discover now