EP-4

1K 69 0
                                    

Zgi

"သား အ၀တ်အစားသွား လဲလိုက်ဦးနော် မားမား "
ပြောပြီးသူရိန်ကို မျက်စောင်းထိုးသွားတဲ့ လွန်းလေး

"သား ပြီးရင် မြန်မြန် ပြန်ဆင်းခဲ့ဦးနော်"

"ဟုတ်"

သူတက်သွားသည်နှင့် အမ ၃ ယောက်လည်း သူ့နောက် လိုက်ရ၏

့အခန်းထဲဝယ်..........

"မမ အဲ့ဘဲကြီးကြောင့် သားတို့ အိမ်ပြန်လာကြတာလား"

"အင်းလေ ငယ်လေးရဲ့ ပြီးတော့ ငယ်လေးနော် သူရိန်ကို ဘဲကြီးလို့ မခေါ်ရဘူး သူစိမ်းလိုလဲ မဆက်ဆံရဘူးနော်" နွေးနွေးက သေချာပြော၏

"ဘာလို့လဲ"

"ဟုတ်တယ် ငယ်လေး သူရိန်ကို အဲ့လိုမပြောရဘူး သူရိန် စိတ်မကောင်းဖြစ်နေမှာ ငယ်လေးက ငယ်ငယ်ကဆို သူရိန့်လက်ထဲမှာပဲ နေတာ မမတို့တောင် ခေါ်လို့ရတာမဟုတ်ဘူး"
ယုယုက ဖြည့်ပြောပေး၏

နားထောင်နေရင်းခေါင်းထဲက တဆစ်ဆစ်နဲ့ ကိုက်လာတယ်။ပြီးတော့ အဲ့လူရှေ့က အခုမှထွက်လာတာကို အခုပဲ သူ့ရှေ့ကို ပြန်သွားချင်နေတယ် တွေးနေရင်း အကုန်လုံး မှောင်မိုက်သွားခဲ့တယ်

"ငယ်လေး ငယ်လေး ငယ်လေး!!! ပါးပါးရေ မားမားရေ လာပါဦး ငယ်လေး ဘာဖြစ်သွားတာလဲ မသိဘူး မားမားရေ လာပါဦး" နွေးနွေး ငိုသံကြီးနဲ့ အော်ပြော၏

တက်သွားတာမှ မကြာသေး အပေါ်ထက်က အသံတွေကြားလိုက်ရတယ် ၀ူးဝူးဝါးဝါးပဲ ကြားရတယ် မကြာပါဘူး ယုယု မျက်ရည်စက်လက်နဲ့ အောက်ကိုပြေးဆင်းလာတယ်

"မားမား ပါးပါး ငယ်လေး ငယ်လေး မေ့လဲသွားလို့ မားမား လိုက်ခဲ့ လိုက်ခဲ့ပါဦး"

စိတ်ထဲမှာ ဘာမှမတွေးနိုင်ဘူး ကလေးငယ်ဆီပဲ ဦးတည်ပြီး အမြန်ပြေးသွားခဲ့တယ်
ရောက်တော့ ကလေးငယ်က ဝေေ၀လက်ထဲတွင်

"ကလေးငယ် ကလေးငယ် ထပါဦးပါကွာ ကလေးငယ် ကိုကိုခေါ်နေတယ်လေကွာ ထပါဦး ကလေးငယ်ရယ်" ဝေေ၀လက်ထဲမှ ကလေးငယ်ကိုဆွဲယူပြီး အတင်းခေါ်နေမိသည်

မကြာမီ family doctor ဦး နေမျိုးရောက်လာ၏ ဝေေ၀ခေါ်လိုက်သည်နှင့်တူသည်

You Are The Apple Of My EyeOnde as histórias ganham vida. Descobre agora