Ep-1

3.9K 102 4
                                    

Zgi

"ကိုကိုရေ ကိုကို သားကိုမထားခဲ့ပါနဲ့ ကိုကိုရေ ကိုကို"

ဒေါ်လွန်းမြတ်တစ်ယောက် သားငယ်အခန်းက အသံတွေကြားတာကြောင့် သားငယ်လေးအခန်းကိုအပြေးအလွှားသွားရသည်

"သားလေးသားလေး လွန်းလေး မားမားရှိတယ်လေ သားလေး မားမားရှိတယ်လေ သားလေး သတိထားဦးလေ"

မားမားရဲ့အသံလဲကြားရော အိပ်ပျော်နေတဲ့ ပါးပါးနဲ့မမတို့ပါ လွန်းလေးအခန်းထဲရောက်လာကြ၏

"ငယ်လေး ငယ်လေး သတိထားလေ ငယ်လေး"မမယုယု၏အမေးစကားအားလွန်းလေး ပြန်မဖြေနိုင်ပါ။

"ဟင် မားမား အီးးးးဟီးးးး မားမား သား ဒီအိမ်မက် မက်ပြန်ပြီ"

"အင်းအင်း မားမား ရှိတယ်နော် သားလေး မားမားရှိတယ် မငိုနဲ့တော့နော်"

"ငယ်လေး ရေသောက်လိုက်ဦးနော်"မမနွေးနွေး ပေးသောရေခွက်ကို လွန်းတစ်ယောက် တုန်ရီနေတဲ့ လက်နဲ့ယူပြီးသောက်လိုက်တယ်

"မြတ် သားလေးကို သေချာ ပြန်ပြီး သိပ်လိုက်ဦးနော် ပြီးကျရင် အောက် ကိုခန ဆင်းခဲ့ဦးနော်"

ဦးမြတ်အောင် တစ်ယောက် မိန်းမဖြစ်သူအားမှာကြားပြီး သမီး၃ ယောက်နဲ့ အောက် ထပ်ကို ဆင်းလာခဲ့တယ်

"ပါးပါး ဒီနေ့က ၁၈ ရက်နေ့နော်"
မမ‌ဝေ‌ဝေရဲ့စကားကို မမနွေးနွေး က ၀င်ထောက်ခံ ပြီးပြောတယ်

"ဟုတ်တယ် ဒီနေ့ ၁၈ ရက်နေ့၊ ငယ်လေး ဒီနေ့ ဒီလိုဖြစ်မယ်လို့ နွေးနွေး ထင်ပါတယ်"

A few minute later......

"မြတ် သားလေး အိပ်ပျော်သွားပြီလား"

"အင်း အိပ်ပျော်သွားပြီ"

လွန်းသုတ ဟာ ၁၀ လပိုင်း ၁၈ ရက်နေ့ ရောက်တိုင်း ၁ နှစ် ၁ခါ ဒီလို ထ ယောင် လေ့ရှိတယ်
အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ ၇ နှစ် ဆီသို့

flash back.....

"ကလေးလေးရယ် မငိုပါနဲ့တော့ကွာ ကိုကိုပြန်လာမှာပါ  မငိုနဲ့တော့နော်"

"ဟင့်အင်းးးးးး ကိုကိုရယ် ဟင့် သားကိုချစ်ရင်မသွားပါနဲ့နော် ဟင့် ကိုကို ရယ် မသွားပါနဲ့နော် ဟင့်"

You Are The Apple Of My EyeWhere stories live. Discover now