Chapter - 8

4.2K 470 6
                                    


Chapter - 8
.
.
.
.
.

စိန်ခေါ်တာက သူ ။ အခု ငြိမ်နေပြန်တော့လည်း သူပဲ။ ဝမ်ရိပေါ် သူ့အလုပ် စာပွဲရှေ့က အလုပ်ခုံလေးမှာထိုင်ပြီး ငြိမ်သက်စွာ စာရင်းလုပ်နေတဲ့ ရှောင်းကျန့်ကို စိုက်ကြည့်နေမိတယ်။

အခုတလော ငြိမ်နေတဲ့ ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကို ရှိတယ်လို့ ထင်မနေပြန်တော့ဘူး ။

မနက်ဆို ရုံးသွားဖို့အတွက် ရိပေါ်ကားပေါ်မှာ အဆင်သင့်ရှိနေတက်သလို ညဆိုလည်း သူ့အခန်းထဲမှာပင် ငြိမ်နေတက်တဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် ခဗျာ ရှောင်းကျန့်ကို အိမ်ပေါ်က နင်ချဖို့အတွက် ပြစ်ချက်ရှာမရ ဖြစ်နေခဲ့တယ် ။

သူ့ စာပွဲခုံလေးမှာပင် ငြိမ်ထိုင်ပြီး အလုပ်လုပ်နေတဲ့ ရှောင်းကျန့်က ရိပေါ် ကြည့်နေတာကို မသိစွာပဲ ဘောပင်တစ်ချောင်းနဲ့ စာအုပ်ကို ရေးခြစ်ကာ အလုပ်တွေ ရှုပ်နေခဲ့တယ်လေ ။

ဝမ်အိမ်တော်ကို စရောက်ကာစ ရှောင်းကျန့်နဲ့မတူ တစ်မူပြောင်းလဲသွားတဲ့ ရှောင်းကျန့်က အရင်ကနဲ့မတူ ပိုကြည့်ကောင်းလာခဲ့တယ် ။

အစက မွဲခြောက်ခြောက် အသားအရေသည် ယခုတော့ စိုစိုပြေပြေ ။ အရင်က ဆေးလိပ်သောက်လို့ထင်ပါရဲ့ ညိုမဲ့သယောင်ဖြစ်နေခဲ့တဲ့ နှုတ်ခမ်းပါးလေးကလည်း အခု ကုမ္ပဏီမှာ ဆေးလိပ်မသောက်ရဘူးဆိုတဲ့ စည်းကမ်းချက်ကြောင့် ပန်းသွေးရောင်လေး ကြွလို့ ။

စာရင်းလုပ်နေရင်း ခေါင်းလေးခါပြီး ထစူလိုက်တဲ့ နှုတ်ခမ်းပါးလေးကြောင့် မျက်မှောင်လေး ကုတ်လိုက်မိတဲ့ ဝမ်ရိပေါ် ။

ဒါဟာ ရှောင်းကျန့် မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့ အားသာချက် တစ်ခု ဖြစ်လိမ့်မယ် ထင်ပါရဲ့ ။

ဝမ်ရိပေါ် ခေါင်းလေးခါကာ သူ့အလုပ် စာပွဲပေါ်ရှိ လုပ်စရာ အလုပ်တွေထဲ အာရုံစိုက်လိုက်မိတယ်.... ။

တစ်ကယ်ပါ အထက်တန်းပဲ အောင်ခဲ့ရတဲ့ ရှောင်းကျန့်က အပေါင်း အနှုတ်ကလွဲပြီး ကျန်တာ သိပ်ပြီး မလုပ်နိုင်ခဲ့သေးပေ ။

ဒါတောင် ရှောင်းကျန့် အတင်း တောင်းဆိုလို့တာ ဝမ်ရိပေါ်က သူစစ်ပြီးသား စာရင်းတွေ ပြန်စစ်ခိုင်းတက်လာခြင်း ဖြစ်တယ် ။

အမုန်းတရားကိုကျော်လွန်၍  💜 ( Completed )Where stories live. Discover now