အပိုင်း(၁၆)

Start from the beginning
                                    

နွေ၊ မိုး၊ ဆောင်း ဆိုပြီး ရာသီစက်ဝန်းက ရွေ့လျားလာလေသည်၊၊ ငွေနှင်းမှုံတွေ ဖြန့်ကျနေတဲ့ ဆောင်းရာသီမှာ ရိပေါ် ဗိုက်ထဲက ရင်သွေးလေးက လူလောကကြီးထဲ ခြေချဖို့ တာဆူလေသည်၊၊

တဆစ်ဆစ်ကိုက်ခဲနေတဲ့ ဗိုက်ကို အသာထိန်းကိုင်ရင်း ရိပေါ် က မွေးဖို့ အားယူရသည်၊၊ ပါးစပ်မှာ အဝတ်စကို ကိုက်ထားပြီး လက်တွေကလည်း တွဲလောင်းကျနေတဲ့ အဖြူစကြီးကို ကိုင်ပြီး အားယူ မွေးရသည်၊၊

ချွေးတွေ ပြန့်ကာ နာကျင်မှုကို ရင်ဆိုင်နေရတဲ့ ရိပေါ် က သူ့ မျက်ဝန်းထဲ မေမေ ကို တမ်းတလာပြီး ရှောင်းကျန့် ကိုလည်း မြင်ချင်နေသည်၊၊

ရှောင်းကျန့် ကလည်း အဆောင်အပြင်ကနေ ရင်တမမနှင့် ဟိုလျှောက်ဒီလျှောက် လျှောက်ရင်း အတွင်းက ရိပေါ် အသံလေးတွေကြောင့် စိတ်ပူ လာရသည်၊၊

" အူဝဲ အူဝဲ အူဝဲ "

ကလေးငယ်လေး၏ အော်ငိုသံကြောင့်  ရှောင်းကျန့် က ဝမ်းသာရိပ် ဖြစ်ပေါ်လာသည်၊၊

" ယောက်ျားလေးပါ "

ရှောင်းကျန့် က အဆောင်တံခါးကို ဆွဲဖွင့်ကာ ဝင်လာလိုက်တော့သည်၊၊ သားငယ်လေးကို ပွေ့ချီပြီး လိုက်ကာစ နောက်က သူ့ ကြင်ယာတော်ဆီ သွားတွေ့လေသည်၊၊

ဖြူဖျော့နေတဲ့ မျက်နှာ၊ မျက်ထောင့်က မျက်ရည်တွေ၊ ချွေးတွေ စိုနေတဲ့ ကိုယ်လေးကို ကြည့်ရင်း သူပါ မျက်ရည်ကျမိသည်၊၊

" ဝမ် "

ရိပေါ် က မျက်ခွံလေးကို အားယူ ဖွင့်ပြီး ရှောင်းကျန့် ကို ပြုံးပြပြီး ပင်ပန်းတဲ့ ဒဏ်ကြောင့်  အိပ်ပျော်သွားသည်၊၊

ရိပေါ် သတိရလာတော့ ဘေးက သူ့ ကလေးလေးကို တွေ့ရသည်၊၊ နောက်ပြီး ရှောင်းကျန့် ကရော...၊၊

" နိုးလာပါပြီလား ကြင်ယာတော် "

" ဟုတ်တယ် ကျန့် ရော "

" အရှင် က စစ်ရေး ဆွေးနွေးနေပါတယ် "

" စစ်ရေး "

****

ရှောင်းကျန့် တစ်ဖက်နိုင်ငံက စစ်မက်ဖြစ်ဖို့ သတင်းရလာတော့ လက်ရုံးတပ်မှုးတွေကို စစ်နည်းဗျူဟာ ခင်းပြီး တိုင်ပင်ကြရသည်၊၊ ဒါ ဘယ်လို တိုက်ဆိုင်မှုလဲ၊၊

ဧကရာဇ်ရဲ့  မူပိုင်လူ [[ Completed  ]]Where stories live. Discover now