"ဖေဖေက Gunကို တွေ့ချင်လွန်းလို့ အမြန်ပြန်လာတာ"

"ဟီး ဟီး လက်ဆောင်ပါလား ဖေဖေ"

"ပါတာပေါ့ဗျာ... ဖေ့ဘုရင်လေးအတွက် လက်ဆောင်ကို မမေ့ဝံ့ပါဘူးဗျာ"

"Gunက ဖေဖေ့ကို သတိရနေတာပါနော် လက်ဆောင်ကိုလည်း သတိရနေတာပေါ့ ဟီး ဟီး"

ဖခင်၏ခါးကို လက်တစ်ဖက်ဖြင့် ဖက်ထားကာ မျက်လုံးများ မှေးမှိတ်သည်အထိ ရယ်နေရင်း လက်ဖဝါးလေး တစ်ဖက်ဖြန့်ပြီး လက်ဆောင်တောင်းနေပုံက ရှူမဝသည့် ပုံငယ်လေး ဖြစ်လို့နေတော့သည်။

ကျလုလု မျက်ရည်ကြည် တစ်ချို့ကြောင့် မျက်တောင်တို့ကို ပုတ်ခတ်လိုက်ရင်း

"လက်ဆောင်က ကြီးတယ်... ဒါလေးအရင်ယူ"

လက်ထဲထည့်ပေးသည်က ဗူးလေးတစ်ခုဖြစ်လေသည်။

"လက်ဆောင်က ကျန်သေးတာလား"

Gunဗူးကို ခါရမ်းလိုက်တော့ """ဂလောက်..ဂလောက်""" သံကို ကြားလိုက်ရသည်။

"သား ကြိုက်မှာပါ"

"remote controlလေးလား ဖေဖေ"

"အင်း အဲ့ဒါနဲ့ ခပ်ဆင်ဆင်ပဲ"

"ဟီး ဟီး စိတ်လှုပ်ရှားနေပြီ အောက်ကိုဆင်းကြည့်ရအောင် မေမေ လာ"

မိခင်ဖြစ်သူ၏လက်ကိုဆွဲကာ အိမ်အောက်ကို အပြေး ဆင်းသွားလေတော့သည်။

"Arrrrrr....ဖေဖေ ဒါ.....ဒါကြီးက Gunအတွက် Surpriseအကြီးကြီးပဲ၊ Gunကို နောက်နှစ်မွေးနေ့မှ ကားဝယ်ပေးမှာဆို "

"သားကြိုက်လား"

Gunခေါင်းတို့ကို ပြုတ်ထွက်မတက် ညိတ်လိုက်ရင်း ပြန်ဖြေလေသည်။

"Gunကြိုက်တယ် ဖေဖေ... Droneတို့ကို ခေါ်ပြီး ကြွားရမယ် ဟီးဟီး"

"သားနေကောင်းရင် သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ပေါ့"

"Arrr Gunဘေဘီလေး"

ကားနီနီလေးရဲ့ ဘော်ဒီကို Gunဖက်လိုက်ကာ မျက်နှာအပ်ရင်း ပြောလေသည်။

"Gunက နေကောင်းနေတာပဲ ဖေဖေရဲ့"

"အင်း အင်း ဒီအပတ် ဆရာဝန်ကြီးနဲ့ တစ်ခေါက်တွေ့ပြီးရင် သားသူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ပေါ့ ဖေဖေ ခွင့်ပြုတယ်"

Mine (Completed) Where stories live. Discover now