"ဟုတ်တယ်လေ ရိပေါ်သူငယ်ချင်းဝမ်နင်ကိုကြိုက်နေတာခင်ဗျား မဟုတ်ဘူးလား.မဟုတ်ရင်လည်းသွားတော့ အလိုမရှိဘူး''

"ဟုတ်...ဟုတ်တယ် ဘာပြောမလို့လဲ အကူညီပေးမလို့လား''

"ညီတာကရတယ် ဒီတိုင်းကူညီလိုက်ရင် ရိပေါ်သူငယ်ချင်းတန်ဖိုးမဲ့သလိုဖြစ်သွားမှာပေါ့''

"မင်း ဘာဖြစ်ချင်လဲသာ ဒဲ့ပြောလိုက်ကိုယ်တတ်နိုင်တာဆို ဘာမဆိုဖြစ်ရမယ်''

ရိပေါ်က သူ့မေးသူလက်နှစ်ချောင်းနဲ့ပွတ်သပ်လိုက်ပြီး စဥ်းစားခန်းဝင်နေတယ်။မသိရင်ရှေးအစဥ်အဆက်က ပညာရှိကြီးစတိုင်လ်။အမှန်ကလိုချင်တာအရင်စဥ်းစားပြီးမှ ကူညီဖို့တွေးမိတာရယ်။

"ခုခင်ဗျားနဲ့ပါလာတဲ့ဇိမ်ခံရွက်လှေလိုချင်တယ်''

"ဟ မာရီနာက ကိုယ့်သမီး ကိုယ်စိတ်ကြိုက်မွှန်းထားတာ အထဲကပြုပြင်ထားတာတွေလည်းကြည့်ဦး တခြားဟာပြောကွာ''

"ရွက်လှေရိပေါ်က မဝယ်နိုင်ဘူးထင်လို့လား  ရိပေါ်သူငယ်ချင်းကို တကယ်ချစ်မချစ်သိချင်လို့ ခင်ဗျားမြတ်နိုးတဲ့ဟာနဲ့မလဲနိုင်လဲနေလေ ဝမ်နင်ကိုမြတ်နိုးတန်ဖိုးမထားနိုင်ဘူး တွေးလိုက်ရုံလေးပဲ အေးဆေးပါ... ''

"သနားစရာကောင်းလိုက်တဲ့ငါ့သူငယ်ချင်းလေ ရွက်လှေတစ်စင်းလောက်တောင်တန်ဖိုးမထားနိုင်တဲ့သူဆီမှာ မပျော်နိုင်လောက်တာ ငါသိပါပြီကွာ မင်းကိုဘောစိမမတစ်ယောက်နဲ့ အဆင်ပြေအောင်လုပ်ပေးရတော့မယ်''

"မင်း...မင်းကိုကိုယ့်သမီးပေးရင် သူနဲ့အဆင်ပြေအောင်လုပ်ပေးနိုင်တာသေချာလား ခုကကိုယ့်မြင်ရင် ပတ်ပြေးနေတာနော်''

မျက်လုံးကိုမျက်နှာသေနဲ့တည်ထားပြီး နှုတ်ခမ်းတစ်ဖက်တည်းပဲတွန့်ချိုးပြုံးလိုက်တဲ့ ရိပေါ်။

®

"ဘာ ပေါက်စ လန်ရှီချန်း ဟုတ်လား... ဝမ်နင်ကိုကြိုက်နေတဲ့မာဖီးယားက လန်ရှီချန်း......သူ့ဆီကသူအကြိုက်ဆူံးရွက်လှေကိုတောင်းလာတယ် ဟုတ်စ ဘယ်လိုသတ္တိတွေနဲ့လဲ ခေါင်းတစ်လုံးအပိုပါနေလို့လား''

ဝမ်ချိုချိုလေးWhere stories live. Discover now