၃၂

21.3K 2.7K 62
                                    

(Unicode)

"Third year king က ဒီဝိုင်းအတွက် ရှင်းပေးပြီးသွားပြီဗျ"

"ကိုစဝ်စံဦးသာက ညီလေးအတွက် မုန့်ပို့ခိုင်းထားလို့"

"ခွန်နှောင်းရေ ဒီမှာ နင့်အတွက် အအေးတဲ့၊ အစ်ကိုတည့်တံ့စိတ်တို လာပို့တာ"

စသော စကားလုံးများသည် ကျောင်းပြန်တက်ပြီး ရက်ဆက်ကြားလာရသော စကားလုံးများဖြစ်လာသည်။ စာကျက်နေချိိန် အိမ်သို့ရောက်လာတတ်သော မုန့်များကြောင့်လည်း မေမေတို့က သင်္ကာမကင်း ဖြစ်နေကြလေပြီ။

သင်တန်းသွားခါနီးတိုင်း လာကြိုနေသော၊ ကျောင်းကပြန်တိုင်း အိမ်ပြန်ပို့နေသော အသိစီနီယာဟူသည့် ဆက်ဆံရေးကို ဘယ်မိဘက ယုံနိုင်မည်နည်း။

"မင်း အကို စဝ်စံဦးသာနဲ့ အခြေအနေဘယ်လိုရှိ"

အအေးပိုက်ကို စုပ်ခဲကာ မေးငေါ့မေးနေသော ကျော်ကျော်ကိုကြည့်ရင်း ခွန်နှောင်းက တစ်ချက်ရယ်ကာ ခေါင်းခါပြလိုက်သည်။

"ဘယ်အခြေအနေမှ မရှိပါဘူး"

"ဟုတ်လား၊ အစ်ကိုတည်တံ့စိတ်တိုကတော့ ရှယ်အမ်းတာနော်၊ တစ်နေ့တစ်နေ့ မင်းနဲ့ပေါင်းရင်း မစားဖူးတာကို မရှိရဘူး၊ ကျောင်းပြင်ထွက်စရာမလိုပဲ ဆူရှီလည်းစားရတယ်၊ ကဲ အခု ဆိုဒါပါ ကျောင်းထဲမှာသောက်ရတယ်"

"မင်းတကယ် အငတ်"

"သူငယ်ချင်းချောချောလေးရှိတော့ ငတ်ရတာပေါ့ကွာ၊ ပြောမယ့်သာပြောတာ အစ်ကိုက သဘောကောင်းပါတယ်၊ ဒါနဲ့ မင်း အဲ့နေ့က မင်းကို ပိုးမယ်ပြောတော့ ဘာပြန်ပြောခဲ့လဲ"

ရေပုလင်းအဖုံးကို ဖွင့်နေသောလက်က ရပ်တန့်သွားခဲ့သည်။ ထိုနေ့က သူမည်သို့ တုံ့ပြန်ခဲ့သည်နည်း။

"ခွန်နှောင်းဘက်ကပြေးလည်း ကိုယ်ကလိုက်မှာမလို့လေ၊ စစချင်းတုန်းက အဆင်မပြေဖြစ်ခဲ့တာ မှန်ပေမယ့် ခွန်နှောင်းကြောင့်မှ မဟုတ်ပဲ၊ ကိုယ့်စိတ်ကဖြစ်တာ​လေ၊ ခုတော့ အဲ့လိုမဖြစ်တော့ပါဘူး၊ ပြီးတော့ ခွန်နှောင်းကို ကိုယ့်ဘက်က မမှတ်မိတာက မှတ်မိလာအောင် လုပ်ယူဖို့ အချိန်လိုတာ၊ အဲ့အချိန်ထဲမှာ ကိုယ်က ခွန်နှောင်းနဲ့ နီးနီးကပ်ကပ်နေမယ်လေ၊ အဆင်မပြေဘူးလား၊ ဪ တဲ့တိုးပြောရရင်တော့ .. ကိုယ့်ဘက်က ခွန်နှောင်းကို လိုက်ပိုးတော့မှာမလို့လေ"

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now