ငေးကြည့်နေတဲ့ မျက်နာလေးက မျက်ခွံတို့ တဖြေးဖြေးလှုပ်ရှားလာသည်။ အဆက်မပြတ်လှုပ်ရှားလာတော့ သူလက်လေးကို သေချာဆုပ်ကိုင်ရင်း

"ဘတ်ခ်ဟွန်းနီး " လို့ တဖွဖွခေါ်နေမိတော့ မျက်လုံးတို့ ပွင့်လာသည်။

" သားသား ကလေးလေး "

သတိရတာနဲ့ သွေးရူးသွေးတမ်းဖြစ်နေတဲ့ ဘတ်ခ်ဟွန်းနီးရဲ့ မျက်ဝန်းတို့က ဂနာမငြိမ်ဘဲ လှုပ်ခတ်နေသည်။
အန်တီကလည်း ချက်ချင်းထလာကာ ကုတင်ဘေး
ဘတ်ခ်ဟွန်းနီးဆီ ရောက်လာသည်။

"ငယ်လေး စိတ်လျော့ သားလေး"

"ဘတ်ခ်ဟွန်းနီး သတိထားပါအုန်း "

" ကလေးလေးရောလို့ ချန်းယောလ် သားသားရော"

"ရှိတယ် ကိုယ်တို့ သားသားလေးရှိတယ် ဘာမှမဖြစ်တာမို့
အချစ်က စိတ်လျော့နော် ကိုယ့်ကိုယုံပါ သားက
ဘာမှမဖြစ်ဘူး"

ရုန်းရင်ဆန်ခတ်ဖြစ်နေသည့် ဘတ်ခ်ဟွန်းနီးကို
ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်ပြီး နဖူးကို ပါးပြင်နဲ့ ကပ်ကာ
တုန်ယင်နေတဲ့ ခန္ဓာကိုယ်လေးကို ထွေးပွေ့ထားလိုက်သည်။ ချုပ်ရိုးကြောင့် လှုပ်ရှားလို့မဖြစ်သေးသည်မို့
ငြိမ်သွားအောင် ဖက်ထားပေးမိတော့ ရင်ခွင်ထဲ ငိုရှိုက်နေသည်။ အန်တီကလည်း ခေါင်းရင်းက intercom ကိုနှိပ်ကာ ဆရာဝန်မြန်မြန်ရောက်လာမို့ ဆုတောင်းနေသည်။

" မငိုရဘူးလေ ဘတ်ခ်ဟွန်းနီးရယ် သားက အချစ်ငိုနေရင် ဘယ်ကြိုက်ပါ့မလဲ မငိုရဘူးနော် ကိုယ်တို့ သားသားဆီသွားကြမယ်နော် "

ပါးပြင်နုနုက မျက်ရည်တွေသုတ်ပေးနေသည်အထိ ဘတ်ခ်ဟွန်းနီးမျက်ဝန်းတို့ အသက်မဲ့နေသေးသည်မို့
ချန်းယောလ်ထိတ်လန့်လာသည်။

"အချစ်ရယ်"

စိတ်မကောင်းဖြစ်လွန်းလို့ ရင်ခွင်ထဲသာ ထွေးပွေ့ထားမိတော့သည်။ ကလေးလေး ဘာမှမဖြစ်ဘူးဆိုရင်တောင်
ဆရာဝန်ကြီးပြောထားသလို ဘတ်ခ်ဟွန်းနီဟာ သူ့ကြောင့်ဆိုပြီး ကိုယ့်ဘာသာ အပြစ်တင်ကာ စိတ်ဒဏ်ရာ ရသွားခဲ့ပြီ။

JOYOUS Where stories live. Discover now