အခန်း ၁၅?

Start from the beginning
                                    

ယိုင်တိယိုင်နဲ့ ပျင်းတိပျင်းရွဲ့ဖြင့် တက်သွားသော သီထွဋ်ကို နိုင်ဝင်းတို့ လှေကားဆုံးသည်အထိ လိုက်ကြည့်နေလျက်ရှိသည် ။ ထိုကောင်လေးသည် လူကြီးများနှင့်ဆို အနေအေးကာ တည်ငြိမ်ပြီး အစ်မဖြစ်သူနှင့် မင်းမြတ်ကလွဲရင် စကားတီတီတာတာ မပြောသည်ကို သတိထားမိသည် ။ လူကြီးတွေဖြစ်၍လားမသိ ထိုနှစ်ယောက်၏ တစ်ယောက်ပေါ် တစ်ယောက်ဆက်ဆံကြပုံမှာ တစ်ခြားသူတွေအပေါ် ဆက်ဆံပုံနှင့် မတူသည်ကို မြင်နေရသည်။  ။
ရေစက်နီး၍ ပိုရင်းနှီးကြသည်ဟူ၍သာ ဖြည့်တွေးကြရတော့သည် ။

..

နွားညီနောင်ကို ကြိမ်တုတ်နှင့် တို့ကာ
အိမ်ထဲ ဝင်လာလေတော့ ကောင်လေးက အိမ်ပေါ်မှ ပြေးဆင်းလာသည်ကို တွေ့လိုက်ရသည် ။ ထို့နောက် သူမောင်းနေသော လှည်းနောက်လိုက်ခဲ့ကာ သူလုပ်သမျှကို ရပ်ကြည့်၍ နေသည် ။
ထိုကောင်လေးသည် နွားတော့ ကြောက်ပုံရသည် ၊ နွားနားထိတော့ ကပ်၍မလာခဲ့ပေ ။

" မျက်နှာ မကောင်းပါလား ၊ နေမကောင်းဘူးလား "

" မျက်နှာ မကောင်းတာနဲ့ နေမကောင်းရရောလား "

" ဟုတ်ပါပြီ ၊ တစ်ယောက်ထဲလား ကိုကိုရော "

" ကျောင်းသွားကြိုတယ် "

သုတ ကောင်လေးကို အံသြတကြီးကြည့်လိုက်သည် ။ မျက်နှာမကောင်းရခြင်းကို ရိပ်မိပြီ ထင်သည် ။

" မလိုက်သွားဘူးလား "

" မခေါ်ဘူးလေ "

" ဒါကြောင့် မှိုင်နေတာပေါ့ "

ပြန်မဖြေပဲ ငြိမ်နေသော ကောင်လေးကြောင့် သုတလည်း ဆက်မမေးတော့။  ငိုင်နေသော ကောင်လေး၏ ပုခုံးပေါ်ကို လွှား၍ သိုင်းဖက်လိုက်ပြီး ထိုမျက်နှာဖွေးဖွေးလေးကို ဘေးတိုက်အနေအထားနှင့် ရှုစားနေလျှင်ဖြင့် ကောင်လေး၏ မျက်ခုံးတန်းလေးများက စုကျုံသွားပြီး သုတဘက်ကို လှည့်ကြည့်လာသည် ။ လွန်စွာမှ နီးကပ်သော အနေအထားမို့ သုတ၏ အသက်ရှုနှုန်းမှာ ရုတ်တရက်မြန်လာသလို ဖြစ်လာသည် ။ သူသည် အနေရခက်မှုကို လစ်လျူရှုလိုက်ပြီး လှည့်ကြည့်လာသော ကောင်လေးကို ပြုံးပြလိုက်သည် ။

ကွက်လပ်Where stories live. Discover now