Ep 22

3.6K 243 28
                                    

Unicode...

"အကို နို့စိမ်းအလွှာအတွက်က ဒီဗန်း​ထဲထည့်ပြီး အခဲခံထားလို့ရတယ်"

ဘဲပေါက်က ဗန်းခပ်လတ်လတ်တစ်ချပ်ယူလာသည်။

"အာ ဟုတ်တယ် ဘဲပေါက်လေး အဲ့ဒါစားပွဲပေါ်တင်ထားလိုက်အုံး ကိုယ်ဆက်မွှေလိုက်အုံးမယ် ဘယ်နှစ်မိနစ်ထားရမှာတဲ့လဲ"

"ဒီထဲမှာ ငါးမိနစ်တည်းတဲ့ အကို"

"အော် ရပြီ ရပြီ"

နှစ်ယောက်သား မနက်စာစားပြီးတာနဲ့ ကျောက်ကျောကြိုနေကြသည်။ ရုံးပိတ်ရက်မို့ ကျွန်တော်လည်း အလုပ်သွားစရာမလို...မနက်စာက စားထားရတယ်လေ...ကျောက်ကျောက ဘယ်ချိန်ထိကြာမှာမှန်းမသိ...

နှစ်ယောက်လုံးက မသိတဲ့သူနဲ့ မတတ်တဲ့သူပေါင်းပြီး လုပ်နေတဲ့ကျောက်ကျော... ခုနလေးတင် နို့စိမ်းနဲ့သရက်သီးပါ ရောကြိုမိလို့ ပြဲပြီး သရက်သီးမဖြစ်ပဲ သရက်ပြားလိုလို သရင်ပြင်ပြင်လိုလို ဘာပုံပေါက်သွားမှန်းမသိဖြစ်သွားရသည်။

တော်သေးတာ...သရက်သီးက လိုရမယ်ရ သုံးလုံးတောင်ဝယ်လာလို့ပေသာ...နို့စိမ်းနဲ့နို့ဆီက နှစ်ဗူးစီ ဝယ်ချလာလိုက်သည်။ CEOဆိုတဲ့အတိုင်း အချက်အပြုတ်က ဘာမှမရတော့ ကိုယ်အကြောင်းကိုယ်သိပြီး မနေ့ကတည်းက အကုန်လုံးကို လိုတာထက် ပိုဝယ်လာခဲ့သည်။

ချစ်ရသူက စားချင်တော့လည်း CEOကျွန်တော်သရက်သီးကျောက်ကျော ကြိုရတော့သည်လေ...ဒါလုပ်ပေးပြီး ညကျရင်..ဟဲ...သိတယ်မလား...လက်ထက်ကတည်းက ဘာမှ မဘာရသေးဘူးလေ...အဲ့တော့ ကျောက်ကျောနဲ့ မျက်နှာလုပ်ရတာပေါ့...

ဒါက ဒုတိယမြောက်နို့စိမ်းတည်နေခြင်း...ဂလူးဂလဲမှာ သရက်သီးကျောက်ကျောကို ခေါက်ရှာလိုက်ပြီး အညွှန်းကို ဘဲပေါက်က ဖတ်ပြလိုက် ကျွန်တော်က လိုက်လုပ်လိုက်နှင့် တော်တော်ဟုတ်နေသည်။

ငါးမိနစ်ကြာ နို့စိမ်းအိုးမွှေပြီး ဘဲပေါက်တင်ထားတဲ့ ဗန်းထဲထည့်ကာ အခဲခံလိုက်သည်။ ကျွန်တော်ထည့်နေတုန်း ဘဲပေါက်က

"အကို ပြီးရင် သရက်သီးကို အတုံးလေးတွေတုံးပြီး Blenderထဲထည့်ကြိတ်ရမှာ၊ သံပုရာသီးပါထည့်ရမှာနော်"

"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"Donde viven las historias. Descúbrelo ahora