Ep 9

4.1K 275 2
                                    

Unicode...

ဘာလိုလိုနဲ့ အကိုနဲ့ လက်ထပ်တာ တစ်လပြည့်ခဲ့ပြီ..။ သို့ပေမဲ့ ဒီတစ်လအတွင်းမှာ အချစ်မပါတဲ့ Gulf တို့ အိမ်ထောင်ရေးက ပကတိအေးစက်လွန်းလှသည်။

အကိုကလည်း သူ့ကို ချစ်တယ်ဆိုတဲ့စကားလေးကို တစ်ခါမှမပြောဖူးသလို သူလည်း ထိုစကားလေးကို ဖွင့်ဟခြင်းမရှိခဲ့...။

ပညာတတ် ဂုဏ်သရေရှိ အသိုင်းအဝိုင်းနှစ်ခုမှ ဖွားမြင်လာသော သူတို့နှစ်ယောက်ရဲ့ အချစ်အိမ်လေးက ကြည်နူးမှုမရှိသော်လည်း ရန်ဖြစ်စကားများခြင်းတော့ မရှိခဲ့...။

ဝတ္တရားကျေအိမ်ထောင်ရေးတစ်ခုက ငြိမ်သက်လွန်းတာကလွဲလျှင် စိတ်ညစ်စရာတော့ မဟုတ်ခဲ့ပါ....။

သူနေမကောင်းဖြစ်လျှင် အကိုက ဂရုစိုက်ပေးသည်၊ ဆေးတိုက် ဆန်ပြုတ်ကျွေး ဒါမျိုးလေးတွေက ဝတ္တရားမျှသာ...အကိုနေမကောင်းလျှင်လည်း Gulfကို မပြော၊ သူ့ဘာသာနေကာ ဆေးသောက်တာနှင့်ပင် ပြီးသွားသည်။

ဒီလို အခြေအနေမျိုး Gulf တကယ်ပင် မကြိုက်၊  စိတ်ရင်းနဲ့ ကြည်နူးမှုကောင်းသော၊ နွေးထွေးသော၊ အချစ်များနဲ့ ဝန်းရံထားတဲ့ လှပသော အိမ်ထောင်ရေးကိုပဲ သူဖန်တီးတည်ဆောက်ချင်သည်။

သူ...အကို့ကို ချစ်နေမိတာလား...။ ဟုတ်တယ်...သူ ချစ်နေမိပြီထင်တယ်...ဒီတစ်လအတွင်းမှာ အကို့ကို အရိပ်လိုလိုက်ကြည့်နေမိသည်။

အကို အဆင်ပြေရဲ့လား...နေကောင်းရဲ့လား...သူ့ကိုရော ခံစားချက်ရှိနေပြီလား သူသိချင်သည်။ ဘာလို့လဲ...ဘာလို့လဲဆိုတော့ သူ အကို့အပေါ်ခံစားချက်ရှိနေမိပြီလေ...ဒီတော့ အကိုက သူ့ကို ခံစားချက်ရှိနေပြီလို့ ဖွင့်ပြောလာလျှင် သူလက်ခံမိမှာပင်...။

အကိုများ..နောက်တစ်ယောက်တွေ့နေလောက်လား...ဟင့်အင်း..သူမတွေး...တစ်အိမ်တည်းနေပေမဲ့ တစ်ကုတင်တည်းအိပ်နေပေမဲ့ သူ့ကို လက်ဖျားနဲ့တောင်မထိသော အကို...အပြင်မှာလည်း ဖောက်ပြန်မဲ့သူ မဟုတ်ဘူးဆိုတာ Gulf ယုံသည်။

ချစ်နေမိသော Gulf ပိုင်ဆိုင်ရနေပြီဆိုပေမဲ့ တစ်ခုတော့ Gulfကြောက်နေမိသည်။ ဘာကိုလဲ...ချစ်ခြင်းဖြင့်အုတ်မြစ်ချထားတာ မဟုတ်သည့် သူတို့အိမ်ထောင်ရေး ဂေဟာလေး ပြိုကွဲသွားမှာ ကြောက်သည်။

"မာနမင်းသားCEOနှင့် သတင်းထောက်ကျွန်တော်"Where stories live. Discover now