"အဘိုးဘာဆိုင်လို့သူ့အိမ်မှာသားကသွားနေရမှာလဲ နောက်မလုပ်တော့ပါဘူးနော် သားသူ့အိမ်မှာသွားမနေချင်ဘူး"

"မရဘူး အဲ့အိမ်မှာ၁လတိတိနေပြီးရင် မင်းရဲ့ passport ကိုအဖိုးကပြန်ပေးမယ် မင်းဖေဖေနဲ့မေမေဆီပြန်လို့ရပြီလေ အခုသွားမနေဘူးဆိုရင်လည်းသဘောပဲ ကားသိမ်းထားတယ် ကဒ်ပါပိတ်မှာ ကျောင်းကိုbusကားနဲ့သွားမုန့်ဖိုးမရ ကြိုက်တာရွေး"

ထယ်ယောင်းမှာဖွားဖွားကိုမျှော်နေပေမယ့်အရိပ်ယောင်တောင်မမြင်ရ။အကုန်လုံးအတူတူပဲလူကလမ်းဘေးရောက်တော့မယ့်ကိန်းဆိုက်နေတော့သည်။

"အဘိုးကကြိုက်တာရွေးဆိုတာ ရွေးချယ်လို့မရတဲ့ဟာကိုချပြပြီးကြိုက်တာရွေးကြိုက်တာရွေးနဲ့ သားကအဘိုးမြေးမှဟုတ်ရဲ့လား လူကိုတန်ဖိုးကိုမထားဘူး သူများအိမ်မှာမျက်နှာလွဲ
ခဲပစ် ထားတော့မလို့လား"

"မင်းကိုတန်ဖိုးထားလို့ဒီလိုလုပ်နေရတာပေါ့ သွားတော့မိုးချုပ်နေပြီမဟုတ်ရင်မနက်ဖြန်ဆိုbusကားနဲ့စရမှာနော်"

သူဌေးကင်မ်သိတာပေါ့သူ့မြေးကဘယ်လောက်တောင်မှအကောင်းကြိုက်တက်သလဲဆိုတာသူအသိဆုံး။မွေးထဲကပြည့်ပြည့်စုံစုံနေလာတာ သာမန်ကလေးတွေလိုမျိုးနေဖို့အဆင်ပြေမှာမဟုတ် သေချာပေါက်ဂျောင်ဂုအိမ်သွားဖို့ရွေးချယ်မှာဆိုတာသိနေလို့အိမ်ထဲသို့လှည့်ပြန်ခဲ့လိုက်သည်။

"အကိုလေး CEOအိမ်ကိုကျွန်တော်တစ်ခါတည်းလိုက်ပို့ပေးပါ့မယ်"

"အကိုကဂျွန်ရဲ့...အတွင်းရေးမှူးလား"

"ဟုတ်ပါတယ်"

ကားပေါ်သာလိုက်လာရတယ်အဲ့လူ့ဂွစာကြီးနဲ့တစ်အိမ်ထဲဘယ်လိုနေရပါ့မလဲ။တော်သေးတာက သူ့ရဲ့အဘိုးနဲ့အဖွားရှိနေသေးတာဘဲ။၁လပြည့်လို့ကတော့USကိုဒိုးပြီသာမှတ်။
ကင်မ်ထယ်ယောင်းသည်းညီးခံတစ်လဆိုတာခဏလေးပါ
သည်းခံလိုက်ရင်ပြီးသွားမှာပါတစ်လဆိုတာ။ ကိုယ့်ကိုယ်ကိုအားပေးရင်းသာလိုက်လာခဲ့ရသည်။ကိုရီးယားပြန်ရောက်ထဲကဘဝကလည်းလှသလားမမေးနဲ့ဒီလိုတွေကြုံရမယ်မှန်းသိရင်သရဲကြောက်တာတွေလူသေတာတွေကိုတွေးမနေဘဲဆေးကျောင်းကိုသာတက်ခဲ့မိမှာ။အခုတော့အိမ်ကြီးရှေ့မှာကားကရပ်သွားပြီ။

 Simplicity of love √Completed √Where stories live. Discover now