''လွန်း..သားရယ် သားက အရမ်းလိမ္မာတာပဲ
ကြီးမေ ဒီစကားကြားရတာ ဝမ်းသာလှပြီ။''

အဲ့ဒီညမှာတော့ လွန်းကောင်းမွန်စွာအိပ်စက်နိုင်ခဲ့တယ်..သူ့ရဲ့ဘဝကို အစကနေအသစ်ပြန်စတော့မှာမို့ နာကြင်သမျှကိုသော့ခတ်ပြစ်ခဲ့လေတယ်။
ဖြေသိမ့်မှုတွေက သူ့ကလေး ကိုကိုနဲ့သူ့ရဲ့ရင်သွေးလေး ကျန်ရှိနေခဲ့လို့ပဲ။

မနက်ရောက်တော့ မိသားစုရှေ့နေ့ကိုခေါ်ပြီး သက်သေထားကာ သူ့ရဲ့အချစ်ဟောင်းနဲ့ပဲ လက်ထပ်ခဲ့တယ်။
ပိုင်မှူးကတော့ လွန်းကို ပြန်ပြီးပိုင်ဆိုင်ရလို့ ရင်မှာပျော်ရွှင်မဆုံး။

အားလုံးပြန်သွားကြတော့ လွန်းကို ဖက်ပြီး
ငိုနေမိတဲ့ပိုင်မှူး..''လွန်း ကိုယ့်ကိုလက်ခံပေးတဲ့အတွက် အရမ်းပျော်ရွှင်မိတယ်။
ကိုယ်လွန်းအပေါ် တာဝန်ကျေပါ့မယ်။နောက်ပြီး ကလေးအပေါ်လည်းအကောင်းဆုံးကြင်နာယုယပေးမှာမို့ လွန်းစိတ်ချပါ။''

''အင်း..လွန်းလက်ခံပါတယ်။
သုတအကြောင်း စုံစမ်းပေးပါအုံး ကိုပိုင်..
ညီလေးသတင်းမရဘူးလား။''

''ကိုယ်ရှာပေးပါ့မယ်..လွန်း အချိန်တော့ပေးရမှာပေါ့။ ကိုယ်ထင်သလောက်ဆိုရင် နယ်စပ်ဘက် အဲ့လိုနေရာမျိုးမှာများ ဖြစ်နေနိုင်မလား။''

"လွန်း နားချင်ပြီ ပြီးတော့ အန်ချင်ပြန်ပြီ..
ခေါင်းမူးပြီး ရင်ထဲမှာတမျိုးကြီးပဲ.."

"အဆင်ပြေရဲ့လား လွန်း.."

''ဒါမျိုးက ဒီသုံးလအတွင်းမှာ လွန်းခံစားနေရတဲ့ ပြသနာပဲ ကိုပိုင်။
ဆရာဝန်ပြောတာတော့ ကိုယ်ဝန်ဆိပ်ကြောင့်တဲ့ နောက်ပြီး အချဥ်တွေအရမ်းစားတယ်။ထမင်းမစားချင်ဘူး..စိတ်ထဲအချဥ်ပဲ တက်မက်နေခဲ့တာ။''

''ကြီးမေ..လွန်းရဲ့ မက်မန်းသီးတွေ ကျန်သေးတယ်မဟုတ်လား..ဒီကိုယူခဲ့ပေးပါအုံး
စားချင်လာလို့။''

''လာပြီ..လာပြီ..လွန်းရေ..ကြီးမေ ယူခဲ့ပေးမယ် ခဏပဲစောင့်။''

ပိုင်မှူးကတော့ လွန်းကိုကြည့်ပြီး သွားတွေပါ ကျိမ်းနေတော့တယ်။
မက်မန်းသီးတွေက နီနီရဲရဲလေးတွေနဲ့တကယ်ကိုစားချင်စဖွယ်ဖြစ်ပေမဲ့ အရမ်းချဥ်မှာသိသာတယ်။ဒါကို အားရပါးရကိုက်ပြီးစားနေတဲ့ လွန်းက ဘာမှမဖြစ်သလိုပဲ..
မြိန်ရေယှက်ရေ စားနေလိုက်တာ..
အာတွေပါ သရေယိုနေပေမဲ့ မထိရဲ..

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now