par(6)

821 17 18
                                    

ကျောင်းအုပ်ကြီးရဲ့ရုံးခန်းထဲတွင် မျက်နှာကိုခပ်တင်းတင်းထားထားတဲ့လွန်းခေတ်။
သူ့ရဲ့ဒေါသတွေကိုမနည်းချိုးနှိမ်ထားရတယ်။သူ့ရဲ့သားတွေကိုသူသိပ်ချစ်တာ
ကိုယ်ထိလက်ရောက်က သူတောင် ဆိုဆုံးမချိန်လောက်သာ မတတ်နိုင်သည့်အဆုံးမှသာ ရိုက်လေ့ရှိတာ။အခုဟာက သူ့သားကို
အနိုင်ကျင့်တာ အသိသာကြီးဟာ သူ့ဘက်ကငြိမ်ခံနေရမလား ဆုတောင်းလေ သူကအဲ့လိုခွင့်ပြုမယ်ထင်လို့လား။ဝေးသေး..

''ဆရာကြီး..ဒီကိစ္စကိုဘယ်လိုဖြေရှင်းပေးမှာလဲဆိုတာ လွန်းသိချင်တယ်။
သားကြီးရဲ့မျက်နှာကိုထိုးထားတာညိုမဲနေတာပဲဗျာကျွန်တော်ဘက်က မကျေနပ်နိုင်ဘူး ဖြေရှင်းပေး။''

လွန်းရဲ့မကျေမချမ်းအသံကိုကြားပြီးနောက် ကျောင်းအုပ်ဆရာကြီးမှာ မျက်နှာချိုသွေးရင်းနဲ့အသံခပ်သာသာဖြင့်
''ကျွန်တော် ကျောင်းသားဝသာန်ရဲ့မိဘတွေကိုခေါ်ထားပါတယ် ဦးလွန်းခေတ်ဗျ။''

ကျောင်းအုပ်ဆရာကြီးမှာ ဘယ်သူ့ကိုမှစကားချိုချိုနဲ့မပြောဖူးပေမဲ့ လွန်းခေတ်ကိုတော့မပြောရဲပါ။
သူ့ဘေးမှာရပ်နေကြတဲ့ အမျိုးသားနှစ်ယောက်ကိုကြည့်ပြီး လန့်နေရလို့ပါ။ထိုလူနှစ်ယောက်ကတော့
ပိုင်မှူးနဲ့စစ်မဟာပါ လွန်းရဲ့ဆွဲခေါ်လာမှု့ကြောင့် ထိုနေရာသို့သူတို့နှစ်ယောက်မှာ ရောက်နေရခြင်းမျိုး။

''ဦးစစ်မဟာ ခင်ဗျားသားကိုထိုးသွားတာ
ဟိုခုံမှာထိုင်နေတဲ့ မလောက်လေးမလောက်စားအရွယ်ဆိုတာကြည့်ထား။ဒီအရွယ်လေးနဲ့ရန်ကဖြစ်တတ်နေပြီ သူ့မိဘတွေငါနဲ့တွေ့မယ်။''

''ကိုယ်ဘာလုပ်ပေးရမလဲ လွန်းငယ်။
ကြိုက်ရာပြော...''

''လုပ်စရာမလိုဘူး..သူနဲ့တန်တဲ့နေရာကိုသူရလိမ့်မယ် သူ့မိဘတွေရှိတာပဲ ဆုံးမပေးဖို့သူတို့မှာတာဝန်ရှိတယ်။သားသမီးမကောင်းမိဘခေါင်းဆိုတာ စကားရိုးရှိတယ်မဟုတ်လား။သူတို့ဘာဆက်လုပ်မယ်ဆိုတာ စောင့်ကြည့်ရုံပေါ့။''

''မင်းစိတ်ကိုရှော့ပါဦးလွန်းငယ်...
ကလေးဆိုတာ အမှားအမှန်ဘယ်သိပါ့မလဲ။ဒီအရွယ်ဆိုတာကသွေးဆူလွယ်တဲ့အရွယ်မို့ ခွင့်လွှတ်ပေးလိုက်ပါ။ဖြစ်ပြီးသွားတဲ့ပြသနာကို အရှည်အရှည်မဖြစ်ချင်ပါနဲ့လား။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now