"မိုးစက်ပုံပြင်" (Part 6)

Start from the beginning
                                    

"တိမ်ညို...တိမ်ညို...ငါ့ကိုကယ်ပါ၊ မင်းဘယ်မှာလဲ" ဟုငယ်သံပါအောင် အော်ပြီးလှမ်းခေါ်ရင်း ပါးပြင်ပေါ်သို့ မျက်ရည်များပင် စီးကျလာသည်။

ထိုစဉ် "မိုးစက်...ငါဒီဘက်မှာ" ဟု အဝေးမှလှမ်းခေါ်လိုက်သည့် တိမ်ညို၏အသံကိုကြားလိုက်သည်။

ထိုအသံလာရာသို့ မိုးစက်လှည့်ကြည့်လိုက်သည့်အခါ ခပ်ဝေးဝေး ကုန်းမြေရှိသည့်နေရာမှ စိုးရိမ်တကြီးနှင့် လှမ်းအော်၍ကြည့်နေသည့် တိမ်ညိုကိုသူမြင်ရသည်။ ထူးဆန်းသည်မှာ သူသည်အဝေးမှုန်သမားတစ်ယောက်ဖြစ်သည်မဟုတ်လား...ဘာ့ကြောင့်အဝေးမှတိမ်ညိုကို ပြတ်ပြတ်သားသားသူလှမ်းမြင်နေရပါသနည်း။

"တိမ်ညို...ငါ့ကိုကယ်ပါဦး...ငါဘယ်ရောက်နေတာလဲ၊ ရေတွေကငါ့နေရာအထိတက်လာနေပြီ၊ ငါရေမကူးတတ်ဘူး... ငါ့ဆီ အမြန်ဆုံးလာခဲ့ပါ" ဟုလှမ်းအော်ပြောရင်း မျက်ရည်များက အဆက်မပြတ်ပင်...။

"မိုးစက် ခဏစောင့်နေ ငါမင်းဆီအမြန်ဆုံးလာခဲ့မယ်...အဲ့နေရာကနေ တစ်ချက်မှမရွေ့နဲ့ဟု ပြောရင်း တိမ်ညို ရေထဲသို့ ခုန်ချလိုက်ပြီး မိုးစက်ရှိရာသို့ အမြန်ဆုံး ကူခတ်လာခဲ့သည်။ တိမ်ညိုရေထဲသို့ ရောက်သည်နှင့် မုန်တိုင်းထန်လာပြီ ခဏအကြာတုန်းက တည်ငြိမ်နေသည့်ရေပြင်ကြီးကပင် လိုင်းများထလာသည်။ မိုးစက်ဆီ အစွမ်းကုန်ကူးခတ်နေသော်လည်း ကူးလေပိုဝေးလေဖြစ်နေသည်။

တောင်ကုန်းပေါ်တွင်လည်း မိုးစက်တစ်ယောက်ပဲ တထီးတည်းရှိနေလေသည်။ တိမ်ညိုသူ့ထံ လာနေသည့်ကိုပင် လှမ်းမျှော်နေရင်း သူ၏အနောက်ဘက်ကျောပေါ်သို့ တစ်စုံတစ်ခုက ကျရောက်လာပြီး အားဖြင့်ဆောင့်တွန်းခံလိုက်ရသလိုခံစားလိုက်ရသည်။

ရေထဲချသွားသောအခါ မိုးစက်ရုန်းကန်ပြီးကူးခတ်ဖို့ ကြိုးစားသော်လည်း ခန္ဓာကိုယ်တစ်ခုလုံးကလှုပ်၍မရ၊ တစ်ခုခုဖြင့် ချုပ်နှောင်ထားသလိုပင်။ ရေများကလည်း သူ၏အသက်ရှုလမ်းကြောင်းထဲသို့ တိုးဝင်ရန် စောင့်ဆိုင်းနေသည်။

ထို့နောက် တိမ်ညို သူ့ထံလာနေပြီဆိုသည့်အသိဖြင့်ပင် စိတ်ကိုတင်းထားပြီး မျှော်လင့်တကြီးစောင့်စားနေရင်း ရေအောက်သို့ ကျရောက်သွားသည်။ အချိန်ကြာလာသည်နှင့်အမျှ မိုးစက်၏ မြင်ကွင်းများမှာ အမှောင်အတိဖုံးလွှမ်းသွားတော့သည်။

"မိုးစက်ပုံပြင်"Where stories live. Discover now