" ဂျယ်ယွန်း ! "

သူ့ကိုမြင်ပြီးလှမ်းခေါ်နေပြီမို့ အပြေးလေးသွားတော့ အပြုံးတွေရက်ရက်ရောရောပေးရင်း ကြိုဆိုသည် ။ ရယ်လိုက်ရင်ပေါ်တဲ့ သွားစွယ်လေးတွေကလည်း ဆွဲဆောင်မှုတစ်ခု

Shirt လက်ရှည်အဖြူကို vest ထပ်ဝတ်ပြီး
Pant ခဲရောင်နဲ့စပ်ဝတ်ထားတာ သူ့အရပ်နဲ့လည်းတော်တော်လေးလိုက်ဖက်သည်။

မျက်နှာချင်းဆိုင်ရပ်ပြီး နေရင်းထိုင်ရင်း
အော်ရီမိကြပြန်သည်။
စာအုပ်တွေထဲကလို အကြည့်ချင်းဆုံပြီး ရှက်ကိုးရှက်ကန်းဖြစ်ကြတာမျိုးနဲ့မတူညီစွာပေါ့

" လုပ်ကြည့်ချင်တာတစ်ခုရှိတယ် ရည်းစားရရင်"

" ဘာလုပ်တာလည်း "

မေးကြည့်တော့ လက်နှစ်ဖက်ကိုဆန့်လာတဲ့ ဆောင်းဟွန်းကြောင့် သူ သဘောပေါက်လိုက်ပါပြီ ။ တကယ်ပင်ဂွင်းလေးလိုလုပ်နေတော့တာပဲ
နဂိုတည်းက ပင်ဂွင်းနဲ့တူနေရတဲ့ထဲ

ဖြစ်စေချင်သလို ဖက်ပေးတော့ကျ သဘောကျပြီးရီနေရော

အရပ်ကမဆိုစလောက်လေးပုတဲ့ သူ့ကိုလည်း
ဖက်ထားရင်း ခေါင်းလေးပွတ်ပေးနေသေးသည်။

" ငါက ရည်းစားရရင် ပုပုသေးသေးကောင်မလေးမျိုးလိုချင်တာ
ဒါပေမဲ့ cm ပိုင်းပဲကွာတဲ့ မင်းကိုရည်းစားတော်ကြည့်တော့လည်း မဆိုးပါဘူး "

" အမြင်မရှိလိုက်တာ အရပ်တော်တော်ပုတဲ့ကောင်မလေးတွေနဲ့တွဲရတာဘယ်လောက် ဒုက္ခများလည်း မင်းမသိဘူးလား ဆောင်းဟွန်း "

" မင်းကတွဲဖူးတယ်ပေါ့ "

" ဟင့်အင်း ငါ့အကို "

" နေပါအုံး ငါတို့က ရည်းစားနဲ့တောင်မတူသလိုပဲ
Chat ထဲမှာကျ အီရဲသလောက် "

ရုတ်တရက်ဆောင်းဟွန်းပြောတာကြောင့်
တွေးပြီး မျက်နှာလည်းပူပြီး ရီမိသွားသည် ။
ရည်းစားဖြစ်မနေဘူးဆိုရင်တော့ ရှက်နေမိမှာအမှန်ပါ ။

SUPPORT SYSTEM FOR LIFE [SUNGJAKE]✓Where stories live. Discover now