"ကျောင်းဆင်းရင်လာကြိုမယ် သွားစရာရှိတယ်"

"ဘယ်လဲ"

"တစ်နေရာရာပေါ့"

"ဟွန့် ဈေးကိုင်နေတာ"

"အာဘွားပေး"

"ကျောင်းရှေ့ကြီးမှာလေ"

"ကိုယ့်ကားက အထဲကိုမမြင်ရဘူး"

"ဘဲကြီးခများကြီးညစ်တယ်"

ဒီနေ့အာဘွားမပေးရင် ကျောင်းထဲဝင်ရမယ့်ကိန်းမရှိတာနဲ့ မျက်လုံးမှိတ်ပြီး ဘဲကြီးပါးကိုဖွဖွလေးနမ်းလိုက်တယ်

"အင်း ကလေးကခုထိမနမ်းတက်သေးဘူးဘဲ ကိုယ်သင်ပေးမယ် နမ်းတယ်ဆိုတာဒီလို"

ပြောပြီး ပါးနှစ်ဖတ်ကိုကိုင်ပြီး Hoseokie နှုတ်ခမ်းတွေနဲ့ကပ်လိုက်တယ် နှုတ်ခမ်းပါးလေးနဲ့စွဲဆောင်မှုရှိတဲ့ဒီနှုတ်ခမ်းက ဘယ်လောက်နမ်းနမ်း မဝဘူး နှုတ်ခမ်းတွေကိုအတင်းစေ့ထားလို့ အောက်နှုတ်ခမ်းကိုခပ်စပ်စပ်ကိုက်လိုက်မှ ဖွင့်ဟလာတဲ့နှုတ်ခမ်းထဲ လျှာဖျားနဲ့ မွှေ့ရမ်းလိုက်တယ် အားရအောင်နမ်းပြီးမှ လွတ်ပေးလိုက်တယ် အခုမှအသက်ကိုလုရှုနေတဲ့ နှုတ်ခမ်းဟစိဟစိက ထပ်နမ်းချင်အောင်စွဲဆောင်နေသလိုဘဲ နောက်ဆုံးအနေနဲ့ တစ်ချက်ဖွဖွလေး နမ်းပြီး

"ဒီလိုနမ်းရတယ်"

.........................
နှုတ်ခမ်းထော်ထော်လေးနဲ့ ကျောင်းထဲစူပုပ်ပုပ်လမ်းလျှောက်နေတာJungHoseokလေးပါဘဲ

"Hoba ဘာတွေဖြစ်လာတာလဲ"

"ခွေးကိုက်ခံလာရတာ"

"ခွေးကနှုတ်ခမ်းတက်ကိုက်လိုက်တာလား"

"ခွေးချီးကောင်"

"JungHoseok JungHoseok နောက်ဆုံးတော့လဲ အစားခံလိုက်ရတာဘဲ"

မေးစေ့ကိုလက်နဲ့ပွတ်ပြီး ဆရာကြီးအထာဖမ်းနေတဲ့ခွေးချီးကောင် Joonieက ကျက်သတုံးကောင်ပါဆို

"မင်းကြီးတော်ကိုဘဲ အစားခံလိုက်"

"မဟုတ်လို့လား"

"မဟုတ်ဘူး"

"အင်းယုံတယ်"

"ဘာယုံတာလဲ"

"မင်းအစားခံရတာ"

"ဒီဖေခွေးသူတောင်းစားနဲ့တော့"

BAL GYI Where stories live. Discover now